မုံရွာမြို့ရာကျော်သာစံဆရာတော်ကြီးအန္တိမအဂ္ဂိစျာပနပူဇာကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သာစံကျောင်းတိုက်၏ ဦးစီးပဓာန နာယက ၊ သက်တော် (၁၀၂)နှစ်၊ ဝါတော် (၈၂) ဝါရှိ ရာကျော် သာစံဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပနပူဇာကို ဒီဇင်ဘာလ (၇)ရက် ၊မွန်းလွဲ (၂)နာရီခွဲက ကျင်းပ ခဲ့ပြီး“ဆရာတော်ကြီး ဘဝနတ်ကျောင်း ပြောင်းရွေ့သွားတာ အင် မတန်မှ ဝမ်းနည်းမိတယ်။ ဝမ်းနည်းတဲ့ကြားက လုပ်စရာရှိတာတွေကိုတော့ ပြည့်ပြည့်စုံစုံနဲ့ ဆရာသမားရဲ့ နောက်ဆုံးဆန္ဒကို ဖော်ဆောင်နိုင်တဲ့အတွက် ကျေနပ်ပါတယ်”ဟု သာစံကျောင်း၏ ဒုတိယ ဆရာတော်ဖြစ်လာသည့် ဦးသြသဓကမိန့်ကြားသည်။

စျာပနအခန်းအနားကို ဆရာတော် (၁၀)ပါးပင့်၍ ကျင်းပခဲ့ပြီး နံနက် (၁၀) နာရီအ ထိ ပင့်သံဃာအပါး (၁၇၀)ကို ဆွမ်းကပ်ကာလှူဖွယ်များဆ က်ကပ်လှုဒါန်းခဲ့ပြီး ဇင်မာအောင်(အားမာန်သစ်အငြိမ့်) အဖွဲ့က ဧယာဥ်ကျူးနှင့် အငြိမ့်ကပြဖျော်ဖြေခဲ့သည်။

မနက်ဖြန် ဒီဇင်ဘာလ (၈)ရက် ၊ နံနက် (၇)နာရီခွဲတွင် ဆရာ တော်ကြီး၏ အရိုးတော်၊ပြာတော်ကောက်ယူရန် သာစံကျော င်းမှ ထွက်ခွာကြမည်ဖြစ်ပြီး (၈)နာရီတွင် အရိုးတော်ပြာတော်ကောက်ယူကာ ကရဝိတ်ဖောင်တော်ဖြင့် ချင်းတွင်းမြစ်အနောက်ဖက်ကမ်းသို့ ပင့်ဆောင်ကြမည်ဖြစ်သည်။

ထို့နောက် ဆရာတော်ကြီး၏ ဇာတိ မိုးကြိုးပြင်ရွာကျောင်း ဆရာတော် နှင့် တပည့် ဒါယကာ၊ ဒါယိကာမများက ကမ်း နားမှ မိုးကြိုးပြင်ရွာသို့ ပင့်ဆောင်ကြမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *