ကြောက်မက်ဖွယ်ရာ ဟောင်ကောင် မီးလောင်မှု

မီးလောင်မှုကြောင့် သေဆုံးသူ ( ၄၄ ) ဦးအထိရှိလာ၊ အနည်းဆုံး( ၂၇၉ ) ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

မီးလောင်မှုကို ကိုင်တွယ်ဖြေရှင်းရန်မီးသတ်သမားနှင့် အရေးပေါ်ကယ်ဆယ်ရေးသမား ၈၀၀ ကျော်
အပြင် မီးသတ်ကား ၁၄၀ စီး ကို စေလွှတ်ထားပြီးဖြစ်သည်ဟုသိရသည်။

မှတ်တမ်းများအရ မီးလောင်ကျွမ်းနေသည့် Wang Fuk Court အိမ်ရာဝင်းသည် တိုက်ခန်းပေါင်း ၂၀၀၀ နီးပါး ပါဝင်သော အဆောက်အအုံရှစ်လုံးဖြင့် ဖွဲ့စည်းထားပြီး လူပေါင်း ၄၈၀၀ ခန့် နေထိုင်ကြကြောင်း သိရသည်။

ဒေသအာဏာပိုင်များက ယင်းမီးလောင်မှုကို ဒေသစံတော်ချိန် (နိုဝင်ဘာ ၂၆ ရက်) ညနေ ၆ နာရီ ၂၂ မိနစ်တွင် Level 4 မှ Level 5 သို့တိုးမြှင့် သတ်မှတ်ခဲ့သည်။

ဟောင်ကောင်၌ အမြင့်ဆုံး Level 5 အဆင့်မီးလောင်မှုမှာ ၁၇ နှစ်အတွင်း ပထမဆုံးလည်း ဖြစ်လာခဲ့သည်။

လက်ရှိတွင် လောင်ကျွမ်းချိန် ၁၀ နာရီနီးပါး ရှိလာပြီဖြစ်သော မီးလောင်မှုကို ထိန်းချုပ်နိုင်ရန် မီးသတ်သမားများက ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်သည်။

credit: :All original

Leave a Reply

Your email address will not be published. Required fields are marked *