ရန်းစ်အသင်းက ပြင်သစ်လူငယ်ကစားသမားနှစ်ဦးကို စောင့်ကြည့်ဖို့ မန်ယူအသင်း ကင်းထောက်စေလွှတ်ထား

မန်ယူအသင်းဟာ ပြင်သစ်ကလပ် ရန်းစ်အသင်းက ပြင်သစ်လူငယ်ကစားသမားနှစ်ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ကင်းထောက်စေလွှတ်ပြီး စောင့်ကြည့်ခိုင်းထားကြောင်း သိရပါတယ်။

မန်ယူအသင်း စိတ်ဝင်စားနေတဲ့ကစားသမားနှစ်ဦးက ပြင်သစ်ယူ-၂၁ နောက်ခံလူ ဂျရေမီဂျက်ကေးနဲ့ ပြင်သစ်ယူ-၂၁ တိုက်စစ်မှူး မိုဟာမက်ခါဒါမီတီတို့ဖြစ်ကြောင်း သိရပါတယ်။

ဂျက်ကေး(၂၀ နှစ်)ဟာ ဒီရာသီမှာ ရန်းစ်အသင်းရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသလို၊ မီတီ(၁၈ နှစ်)ကလည်း တောက်ပလာမယ့် လူငယ်တစ်ဦးအဖြစ် ထင်ကြေးပေးခံထားရသူဖြစ်တာကြောင့် မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရပါတယ်။

မန်ယူအသင်းက ဒီကစားသမားတွေကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးပမ်းဖွယ်ရှိကြောင်းလည်း သတင်းထွက်နေပါတယ်။

ပြီးခဲ့တဲ့နွေရာသီကမှ ရန်းစ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားတဲ့ နောက်ခံလူ ဂျက်ကေးကိုတော့ မန်ယူအသင်းသာမက တခြားပရီးမီးယားလိဂ်အသင်းတချို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photos: X

crd/ eleven

Leave a Reply

Your email address will not be published. Required fields are marked *