နိုဝင်ဘာလ ၁၄ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်တို့ အစည်းအဝေးပြုလုပ်ပြီး ကျားဖြန့်နှိမ်နင်းရေးကို အားသွန်ခွန်စိုက် ပူးပေါင်းလုပ်ဆောင်ကြမယ်လို့ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
-လက်ရှိအချိန်တွင်လည်း မြန်မာအစိုးရက အိမ်နီးချင်းနိုင်ငံများနဲ့ ကျားဖြန့်နှိမ်နင်းရေးဆောင်ရွက်နေပြီး တရုတ်နိုင်ငံသို့ ပြန်လွှဲအပ်ခဲ့တဲ့ ကျားဖြန့်တရားခံ (၇၀၀၀၀) ခန့်ရှိပြီလို့ သိရှိရပါတယ်။ တရားခံအများစုမှာ ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာ ဘက်ခြမ်းကို တရားမဝင် ခိုးဝင်လာသူတွေ ဖြစ်ပါတယ်။
-အလားတူ KK Park မှာလည်း ကျားဖြန့်လုပ်ငန်းများ ထပ်မံပြီး မလုပ်ဆောင်နိုင်ရန်အတွက် အဆောက်အအုံအားလုံးကို ဖြိုချဖျက်ဆီးနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။-ယိုးဒယားတွေ ပါဝင်ပတ်သက်နေတဲ့ KK Park အကြောင်း ထပ်မံရေးသားပါဦးမယ်။-KT






