ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် UEC ဥက္ကဋ္ဌတိုက်တွန်း

ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဟာ ရွေးကောက်ပွဲနေ့ မဲပေးခြင်းတစ်ခုတည်းမဟုတ်ဘဲ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ကြိုတင်မဲများ ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲနေ့မှာ မဲပေးစက်များဖြင့် သက်ဆိုင်ရာ မဲရုံများမှာ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးစသည်တို့ကို ဟန်ချက်ညီမျှတစွာ ဆောင်ရွက်နိုင်ရမှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင် ( UEC) ဥက္ကဌ ဦးသန်းစိုးက ပြောပါတယ်။

ထိုကြောင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအားလုံး အလွဲအမှားမရှိ တိတိကျကျနှင့် အချိန်ကိုက်ဖြစ်စေရန် တာဝန်ရှိသူအားလုံးက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်လည်း ဦးသန်းစိုး ကပြောပါတယ်။#News

Leave a Reply

Your email address will not be published. Required fields are marked *