တရုတ်၏ တတိယမြောက် လေယာဉ်တင်သင်္ဘော တပ်တော်ဝင်

တရုတ်နိုင်ငံ၏ နောက်ဆုံးတည်
ဆောက်ခဲ့သည့် လေယာဉ်တင်
သင်္ဘောသည် ပင်လယ်ပြင်စမ်းသပ်
မှုများစွာကို ပြုလုပ်ပြီးနောက်တွင်
တပ်တော်ဝင်ခဲ့ပြီဖြစ်ကြောင်း တ
ရုတ်နိုင်ငံပိုင်သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

လေယာဉ်တင်သင်္ဘောသည် ပေကျင်း၏ သြဇာလွှမ်းမိုးမှုနယ်ပယ်
ကို ၎င်း၏ ကိုယ်ပိုင်ရေပိုင်နက်ထက်ကျော်လွန်၍ တိုးချဲ့ရာတွင် ကမ္ဘာ
အကြီးဆုံးရေတပ်အတွက် အ
ထောက်အကူပေးလိမ့်မည်ဖြစ်
ကြောင်း ပညာရှင်များက သုံးသပ်
ခဲ့သည်။
                
တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်
ပြည်နယ် ဆန်ညာမြို့ရှိ ဖူကျန်းလေ
ယာဉ်တင်သင်္ဘောပေါ်သို့ ဗုဒ္ဓဟူးနေ့
တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်
တက်ရောက်စစ်ဆေးခဲ့ကြောင်း နိုင်ငံ
ပိုင် ရှင်းဟွာသတင်းဌာနက သော
ကြာနေ့တွင် ဖော်ပြခဲ့သည်။
        
သင်္ဘောတပ်တော်ဝင်ခြင်းနှင့် အလံ
တင်အခမ်းအနားသို့ အခမ်းအနားသို့ တရုတ်ရေတပ်နှင့် လေယာဉ်တင်
သင်္ဘောတည်ဆောင်ရေးဌာနများမှ တာဝန်ရှိသူ ၂,၀၀၀ ကျော် တက်
ရောက်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဆိုသည်။

crd***News

Leave a Reply

Your email address will not be published. Required fields are marked *