ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပြီးခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးတွင် ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုများအတွက် အာဂျင်တီးနားအသင်းမှ ကစားသမားများကို ပြစ်ဒဏ်များအသီးသီးချမှတ်ခဲ့သည်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အာဂျင်တီးနားအသင်းနှင့်စပိန်အသင်းတို့ ကစားခဲ့သည့်ပွဲစဉ်အပြီးတွင် နှစ်ဖက်အသင်းကစားသမားများ အချင်းများခဲ့ကြပြီး စပိန်အသင်းမှ လူငယ်ကွင်းလယ် ကစားသမား ဂါဗီက အသင်းဖော်များနှင့်အတူအောင်ပွဲခံရန် ကွင်းအတွင်းလာရောက်စဉ် အာဂျင်တီးနား အသင်းမှ ပါရီဒက်နှင့် စတင်အချင်းများပြီးနောက် ကစားသမားများကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်ရပ်တွင် ပါရီဒက်က ကွင်းအတွင်းသို့…