၂၂ ရက်၊ အောက်တိုဘာ၊ ၂၀၂၅ ခုနှစ်
နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေး (၃) ပါးကို ကာကွယ်ရန် နိုင်ငံသားအားလုံးက တပ်မတော်နဲ့အတူ လက်တွဲထမ်းဆောင်ကြရမှာဖြစ်ပါတယ်…
ဒီလိုထမ်းဆောင်နိုင်ဖို့အတွက် နိုင်ငံသားအားလုံးဟာ စစ်ပညာသင်ကြားဖို့နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရမှာဖြစ်ပါတယ်..
ဒါ့ကြောင့်နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်….
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်သူမှန်သမျှ သတ်မှတ်ထားတဲ့ အသက်အပိုင်းအခြားနဲ့ ကျန်းမာရေးကောင်းမွန်နေသူမှန်သမျှ ပြည်သူ့စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ကြရမှာဖြစ်ပါတယ်…
ပြည်သူ့စစ်မှုထမ်းသင်တန်းတွေမှာ လူငယ်တွေ တက်ကြွရွှင်လန်းစွာနဲ့ စစ်ပညာသင်ကြားနေတဲ့ မြင်ကွင်းတွေဟာ နိုင်ငံတော်အတွက် အားအင်ပဲဖြစ်ပါတယ်..
ခင်ညိုချော
