(အောက် ၂၂ ရက် လက်ရှိသတင်းရေးနေသည့်အချိန်) နတ်ရေကန်တောင်စခန်းရဲ့ မီတာ ၇၀၀၀ အပြင်ဘက်ရှိ ပဇီရွာ၊ ဂုတ်ကြီးရွာတွေမှာ AA အကြမ်းဖက်အဖွဲ့က အခြေပြုပြီး စခန်းကို Drone တွေနဲ့ ရံဖန်ရံခါ လာတိုက်လေ့ရှိပါတယ်။ ၂၀ ရက်နေ့ကလည်း ရန်သူ့ Drone အကြီး ၃ စီးကို ပစ်ချနိုင်ခဲ့ပါတယ်။
ဒါကြောင့် တပ်မတော်က စစ်ကြောင်း ၃ ကြောင်းနဲ့ ပဇီရွာ၊ ဂုတ်ကြီးရွာတွေမှာ အခြေပြုထားတဲ့ AA အကြမ်းဖက် နေရာတွေကို ဝင်ရောက်ရှင်းလင်းရာ AA ၄၀ ဦးခန့်ဖြင့် ရုတ်ချည်းတိုက်ပွဲ ၃ ကြိမ်ခန့်ဖြစ်ပွားပြီး ရန်သူထွက်ပြေးသွားကာ ရန်သူအခြေပြုနေရာတွေကို ထိန်းချုပ်ထားနိုင်လိုက်ပါပြီ။ မိမိဘက် ထိခိုက်မှုမရှိပါ။
နတ်ရေကန်တောင်စခန်းကိုလည်း ရန်သူ Drone ဖြင့် လာရောက်တိုက်ခိုက်မှု မရှိသလောက်ဖြစ်သွားပါပြီ။
နယ်မြေရှင်းနေဆဲမို့ ပုံတွေ ထပ်မံဖော်ပြပါမယ်။
