တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုသည့် (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ NCA (၁၀)နှစ်ပြည့်အခမ်းအနားတွင် “ငြိမ်းချမ်းသောအနာဂတ်တည်ဆောက်ခြင်း” အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီမှ ကြီးမှူး၍ကျင်းပသွားမည်ဖြစ်သည်။
ထို့အပြင် ဖိတ်ကြားထားသည့် ပြည်ပနိုင်ငံ(၈) နိုင်ငံမှ အသိပညာရှင်၊ အတတ်ပညာရှင်များမှ ဦးဆောင်၍ နိုင်ငံရေးရှုထောင့်နှင့် စီးပွားရေးရှုထောင့်တိုမှ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာသုံးသပ်ပြီး ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များဖော်ထုတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားအား ကျင်းပမည့်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်မှ စတင်ကာ MRTV အပါအဝင် နိုင်ငံပိုင်ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်းလည်းသိရပါတယ်။
#crd


