တပ်က လွယ်ခေါ်ကိုရပြီးချိန်မှာ အဓိက အတားအဆီး ဖြစ်မှာက ကျင်သီ တံတားလို့ ယူဆခဲ့မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြစ်ငယ်မြစ်ပေါ်က ကျင်သီတံတားသာ အချိုးခံရရင် တပ်ဟာ သီပေါကိုရောက် အချိန်ဖင့်သွားမှာ မို့လို့ပဲ။——
ဒါပေမယ့် မယုံနိုင်စရာ ကောင်းလောက်အောင် လွယ်ခေါ်ရပြီး ၆ ရက်အကြာမှာ ကျင်သီတံတားကို ကျော်ပြီး ဘော်ကြို ဘုရားအထိ ချဉ်းကပ်နိုင်ခဲ့တာ တွေ့ရတယ်။ဆိုလိုတာက ကျောက်မဲ ရပြီးပြီးချင်းကတည်းက တပ်ရဲ့ ရွှေ့လျားမှုက အနားမယူခဲ့ဘူးဆိုတာ ပေါ်လွင်တယ်ပေါ့။ ဘော်ကြိုနဲ့ သီပေါမြို့ထဲက ဘာမှ မကြာတဲ့ အကွာအဝေး တစ်ခုပဲ ကျန်တော့တယ်။ အဓိက မြို့ထဲထက် သီပေါမြောက်ဘက်မှာ ရှိတဲ့ တပ်နေရာဟောင်းတွေပဲ အဓိက နယ်မြေရှင်းရလောက်တယ်။ ——
သီပေါက ဒီပုံစံအတိုင်းဆို နေ့လား၊ ညလား တစ်ခုခုပါပဲ။ တပတ်မကြာလောက်ဘူး။ အိတ်ကပ်ထဲ ပြန်ရောက်မယ်လို့ သုံးသပ်လို့ရပါပြီ။ သီပေါရလိုက်တာက နမ်ဆန်ကို စစ်ရေး အရပါ ဖိအားပေးလိုက်လို့ရတဲ့ သဘောပါပဲ။ ဒီအနေအထားမှာ ပလောင်တွေအတွက် နမ့်ဆန်ကို အဓိက ကာရမလား၊ မိုးကုတ်က အဓိက ခံစစ်ပြင်ရမလား ဆိုတာမျိုး ဒွဟ ဖြစ်စရာ အကြောင်း ရှိလာခဲ့ပါပြီ။——
သီပေါရရင် လားရှိုး-မန္တလေး လမ်းမကြီး ပွင့်ပါပြီ။ လိုအပ်တဲ့ အုပ်ချုပ်မှုကိစ္စတွေလည်း တနင့်ကြီး တောက်လျှောက်ပို့လို့ရပါပြီ။ ဒါတွေက အခါကြီး ရက်ကြီး မချန် စွန့်လွှတ်ပေးဆပ်မှုတွေနဲ့ တိုက်ယူနေကြတဲ့ တပ်မတော်သားတွေရဲ့ အနစ်နာခံမှုတွေပါပဲ။ ရှမ်း/ မြောက် တန်ဆောင်တိုင်ဟာ ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်ကားသက်ဝင်လာမယ့် သဘော မြင်နေရပါပြီ။
(နရီမိုး)တိုက်ပွဲသတင်းစုံ
