-ဗန်းမော်မှာတိုက်ပွဲဝင်နေတဲ့ KIA စစ်သည်တွေ ထိခိုက်ဒဏ်ရာရရှိသူ အလွန်များပြား နေပါတယ်။ သေဆုံးသူတွေရဲ့ အလောင်းတွေကိုလည်း မသယ်နိုင်တော့လို့ ကောင်းကောင်းသဂြိုလ်မပေးနိုင်ဘူး ဖြစ်နေတယ်။- ဗန်းမော်တိုက်ပွဲကို ကြီးကြပ်နေတဲ့ ဆလန်ကမ္ဘာတွေက အထက်ကို မတင်ပြရဲလို့၊ ထိခိုက်ဒဏ်ရာသူတွေကို နောက်တန်းပြန်မလွတ်ပဲ ဗန်းမော်ရှေ့တန်းမှာ တိုက်ပွဲဝင် ခိုင်းနေပါတယ်။
-တချို့ KIA စစ်သားတွေ ဆေးပုလင်းချိတ်ရင်းနဲ့ ကိုယ့်စခန်းကို ကာကွယ်တိုက်ခိုက်နေ ရပါတယ်။-တိုက်ပွဲဝင်နေတဲ့ KIA အောက်ခြေစစ်သား ၇၅ ရာခိုင်နှုန်းလောက်က စိတ်ဓာတ်ကျပြီး နောက်တန်းပြန်နားချင်နေပါပြီ။-အတင်းစစ်သားစုဆောင်းထားတဲ့သူတွေထဲက ကချင်လူမျိုး မဟုတ်တဲ့သူတွေ ထွက်ပြေးတာ များနေလို့ KIA ဆလန်ကမ္ဘာတွေက ပြန်ဖမ်းမိရင် ရိုက်နှက်ညှင်းဆဲ လုပ်ပြီး သေဒဏ်ပေးမယ်လို့ အမိန့်ထုတ်ထားပါတယ်။-KIA လူကြီးတွေ ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ KIA စစ်သားတွေကို ပြန်ကြည့်ရှု ပေးပါအုံး ဆိုပြီး KIA ထောက်ခံတဲ့ ကချင် account များမှာ ရေးသားနေကြပါတယ်။
ခင်ညိုချော
