အောက် ၁၀ သောကြာ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းမှာ –

-ရုရှားမှဥရောပ သို့ ရေအောက်မှဖြတ်၍သွယ်တန်းထားသောရေနံဓါတ်ငွေ့ပိုက်လိုင်းအား ဖောက်ခွဲခဲ့သူယူကရိမ်းနိုင်ငံသားအား ပိုလန် ဖမ်းထားမှု့ ဂျာမနီကလွှဲပေးရန်တောင်းဆိုချက် ပိုလန် ပါယ်ချခဲ့သည်။

-ဗြိတိန်ဝန်ကြီးချုပ်စတန်မာ လုပ်ငန်းရှင် ၁၀၀ ကို ဦးဆောင်၍ အိန္ဒိယသို့လာရောက်ခဲ့ပြီး ရင်းနှီးမြုပ်နှံမှု့ဆိုင်ရာများဆွေးနွေးရန်ရှိသော်လည်း အိန္ဒိယ လုပ်သားများ ဗြိတိန်ပြည်ဝင်ခွင့်ကိစ္စဖြေလျှော့ပေးရန်မစီအစဥ်မရှိကြောင်းပြောသည်။

-အိန္ဒိယသည် ကုလ လုံခြုံရေးကောင်စီ၏ နံပါတ် ၆ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်လာသည်။

-အောက်တိုဘာ နှောင်းပိုင်း၌ ကျင်းပရန်ရှိသော အာဆီယံထိတ်သီးအစည်းဝေးတွင် ထိုင်း – ကေမ္ဘာဒီးယား အပစ်ရပ်ရန် စွမ်းဆောင်ခဲ့သူ ကန် သမ္မတ ထရန့် က တက်ရောက်လိုကြောင်းနှင့် တရုပ်ကိုမဖိတ်ရန် ပြောသဖြင့် မလေးရှားအခက်တွေ့နေသည်။

-ဒီဇင်ဘာ၌ပြုလုပ်မည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုမဲခွဲအစည်းဝေးသို့ အီရန်အသင်းမှတာဝန်ရှိသူများကို ကန် ဗီဇာ မပေးဘဲထားသည်။

ပြည်တွင်းထူးခြားသတင်းမှာ –

-ပန်ဘဲတန်း beauty land ဟိုတယ် ၃ ပိုင်းဖြတ်လူသတ်မှု့ဖြစ်စဥ်တရားခံ အောင်ခန့်ကျော်ဇင် ( ၁၈ နှစ်) နှင့် ကူညီသူ မ အေးမွန်အောင် ( ၁၈ နှစ်) တို့အားဖမ်းမိပြီး တရားခံ၏မိဘနှစ်ပါးမှာ သာကေတ မှ ဆရာဝန်များဖြစ်ကြသည်။

-ညောင်ကြိုး ကာကင်းကုန်း ဆင်လန်စခန်း တပ်မတော်မှတိုက်စစ်ဆင်နေဆဲဖြစ်သည်။

-ကမ္ဘာ့ရွှေစျေး ၁ အောင်စ ၄၀၄၀ ဒေါ်လာဖြစ်လာ၍ ပြည်တွင်းအခေါက်ရွှေ ကျပ် ၈၂ သိန်းဖြစ်လာသည် ၊ ရွှေကုန်သည်အသင်းသပ်မှတ်စျေး ၅၉၅၀၀၀၀ ဖြစ်သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် –

-မလေးရှာနိုင်ငံခြားရေးဝန်ကြီး ဟာဆန် နေပြည်တော်ရောက်နေပြီး ယာယီသမ္မတ ၊ ဝန်ချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး တို့နှင့်တွေ့ သည်။

-ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းရွာနေ ဘ ဦးကျော်လင်း ၏သား နေမင်းထက် ( ၁၄ နှစ်) သည် ၇ ‘ အနက်ရှိလမ်းဘေးမြောင်းအတွင်းဆင်းဆော့ရာမှရေနစ်သေဆုံးသည်။

Leave a Reply

Your email address will not be published. Required fields are marked *