နဘူး-ကော့ကရိတ်လမ်းပိုင်းပွင့်သွားပြီးတာ တပြိုင်နက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဦးဆောင်တဲ့ အဖွဲ့ဟာ နဘူးတပ်နယ်မှာရှိတဲ့ အရာရှိ/စစ်သည် မိသားစုဝင်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့တယ်…
တွေ့ဆုံတယ်ဆိုတာထက် ကိုယ့်ရဲ့ တပည့် သားသမီးတွေကို ထောက်ပံ့ပစ္စည်းတွေပေးဖို့ သွားတယ်ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်..ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်လက်အောက်မှာရှိတဲ့ တပည့်သားသမီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းပေးချင်ပေမယ့် အခက်အခဲတွေကြောင့် မသွားရောက်နိုင်ဘဲရှိခဲ့တယ်…
ယခု တပ်မတော်က လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အကြမ်းဖက်သမားကိုချေမှုန်းရှင်းလင်းပြီးနောက်မှာ ချက်ချင်းပဲ နဘူးတပ်နယ်ကိုသွားပြီး တပ်နယ်မှာရှိတဲ့ အရာရှိ/စစ်သည်၊ ရဲမေတွေကိုတွေ့ဆုံကာ ထောက်ပံ့ပစ္စည််းတွေနဲ့ ထောက်ပံ့ငွေတွေကို တိုင်းမှူးကို လက်ဝယ်အရောက်ပေးအပ်ခဲ့တယ်…
ငါတို့ခေါင်းဆောင်တွေက ငါတို့ကိုပစ်မထားပါဘူး…အခွင့်အရေးရတာနဲ့ ငါတို့အတွက် အမြဲရှိပေးနေတာ ငါတို့ခေါင်းဆောင်တွေပါပဲ…ကျေးဇူးတင်ပါတယ် တိုင်းမှူးကြီးခင်ဗျာ…
တိုက်ပွဲသတင်းစုံ







