ကမ္ဘာ့အဏုမြူဖိုရမ် မျက်နှာစုံညီအစည်းအဝေးမှာ လာတက်တဲ့လူတွေ အားလုံးနားလည်ရအောင် ဘာသာစကား (၇)မျိုးကို Interpreter earpiece တွေကနေ အလိုလျောက် ဘာသာပြန်ပေးတဲ့နေရာမှာ Burmese ဆိုတာကို နံပတ်(၃) နေရာမှာ ထည့်ပေးထားတယ်။
ရုရှားနဲ့ အင်္ဂလိပ်ဘာသာစကားပြီးရင် မြန်မာစကားကို ဦးစားပေး ထည့်သွင်းထားတာလေး သဘောကျလို့ပါ။လူကြီးတွေ နိုင်ငံခြားသွားတိုင်း အင်္ဂလိပ်လို မပြောလို့ဆိုပြီး လိုင်းပေါ်မှာ အပြစ်တင်ကြတယ်မှတ်လား၊ ၊ ဒီခေတ်မှာ ဒါတွေမလိုတော့ဘူးဆိုတာလည်း ရှင်းပြလို့မရ၊ အင်္ဂလိပ်လို မပြောရင်ကို နှိမ်စရာလို့ထင်နေကြတာ။ ပူတင် ရုရှားလိုပဲပြောတယ်၊ ရှီကျင့်ဖျင် တရုတ်လိုပဲပြောတယ်၊ ဘယ်နိုင်ငံ ခေါင်းဆောင်နေနေ ကိုယ့်နိုင်ငံစကားနဲ့ပဲပြောကြတယ်။ ဘယ်နိုင်ငံသားကမှ ထွေထူးပြီး အပြစ်မတင်ကြပါဘူးဗျာ။ဂုဏ်ယူစွာနဲ့ မြန်မာလို ပြောလို့ ရတုန်း များများသာပြောပါ။ ပရိုမိုးရှင်းဆင်းပြီးသားတောင် ဖြစ်သေးတယ်။ နောက်ဆို မြန်မာပြည်ကြီး အခြေအနေကောင်းလာလို့ အလုပ်အကိုင်တွေ ပြန်ပွင့်လာရင် နိုင်ငံခြားသားတွေ မြန်မာစကား သင်ချင်ပါတယ်ဆိုတာမျိုး ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးလေ။
(ပိုင်စိုး)
