စက်တင်ဘာ ၁၇ ရက် ဗုဒ္ဓဟူးနေ့မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-နီပေါယာယီဝန်ကြီးချုပ် မစ္စစ် ကာဂီ က ၇၃ ဦးအထိသေခဲ့သော အဓိကရုဏ်းများဆက်မဖြစ်ရန်သာ အာဏာယူခဲ့ခြင်းဖြစ်ပြီး မတ်လ ၅ ရက်နေ့ရွေးကောက်ပွဲပြီးက အစိုးရအဖွဲ့သစ်တွင် ဘာတာဝန်မှဆက်ယူမည်မဟုတ်ဟု ပြောသည်။

-အစ္စရေးက ကာတာရှိဟားမတ်စ် တို့ကိုဗုံးကြဲခြင်းကြောင့် ဥရောပ နှင့် အာရပ်နိုင်ငံများကကန့်ကွက်ခဲ့ရာ စပိန် သည်ဥရောပ၏ပထမဆုံးအဖြစ် အစ္စရေးပါတ်စပို့ကိုင်သူများကိုပြည်ဝင်ခွင့်ပိတ်လိုက်ပြီး စက်ဘီးပြိုင်ပွဲဝင်နေသော အစ္စရေးအားကစားသမားများကိုနှင်ထုတ်လိုက်သည် ၊ ဆော်ဒီ နှင့် ကူဝိတ် ကလည်း အလားတူ ပိတ်လိုက်သည်။

-ပါလက်စတိုင်းနိုင်ငံထူထောင်ခြင်းကို အမေရိကန် နှင့်ဆန့်ကျင်၍ ယူကရိမ်း က ကုလတွင် ထောက်ခံမဲပေးခဲ့သည်။

-အရှေ့တီမော နိုင်ငံ လွှတ်တော်အမတ် ၆၅ ယောက်အား တိုယိုတာပရာဒို ၁ စီးစီဝယ်ပေးရန်ကိစ္စ ဂျန်ဇီး ကျောင်းသားများမကြေနပ်၍ ဆန္ဒပြနေသည်။

ပြည်တွင်းထူးခြားသတင်းများ

-အင်းတော်လမ်းကိုပိတ်၍ ဗန်းမောက် ကို KIA/PDF များ တိုက်ခိုက်နေပြီး ၃ ရက်နှင့်အပြီးသိမ်းမည်ဟုကြွေးကြော်နေသော်လည်း လေကြောင်းဗုံးထိ၍ ၎င်းတို့ရှေ့မတိုးနိုင်ဖြစ်နေသည်။

-အစိုးရအဆက်ဆက် ခွင်ပြုချက်မဲ့ဆောက်ထား၍ အပိတ်ခံထားရသော မောင်တောဂျာမေ့ဗလီ ကို ထွန်းမြတ်နိုင်ကပြန်ဖွင့်ပေးခဲ့သည်။

-မိုးကုတ် TNLA လင်းရောင်ချည်ကျောက်လုပ်ကွက် ဗုံးကြဲခံရသည်။

-ဝက်လက်အရှေ့ခြမ်း စဥ့်ကိုင်ရွာ မိုးကြိုးရွာ များရှိ PDF စခန်းများရှင်းလင်းခံရသည်။

-ပြည်ပအခြေစိုက် NLD လော်ဘီ IP Myat Aung ဆိုသူက ဦးလှဆွေ၏ တည်နေရာကိုဖော်ပြ၍ လုပ်ကြံသတ်ဖြတ်ရန် ၎င်း၏ TikTok ၌ ဖော်ပြသည်။

ပြည်ထောင်စုနယ်မြေနေပြည်တော်

-ပုဗ္ဗသီရိမြို့နယ်မြောက်ခြမ်း ဝဲကြီးရွာနှင့်ကျောင်းကုန်းရွာကြား ထွေလာဂျီ သံလမ်းဖြတ်ကူးစဥ် မန်း – နေပြည်တော် အစုန်ရထားတိုက်မိ၍ ပါလာသူ ၂ ဦးဒဏ်ရာပြင်းထန် ဆေးရုံရောက်သည်။

Leave a Reply

Your email address will not be published. Required fields are marked *