တပ်မတော်၏ထိုးစစ်များကြောင့် အချိန်တိုအတွင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် ကော့ကရိတ်-သင်္ကန်းညီနောင်၊ မြဝတီအာရှလမ်းကြီးကတော့ မကြာမှီအချိန်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာ-ထိုင်း နှစ်ဖက်အစိုးရ ညှိနှိုင်းနေပြီဖြစ်ပါတယ်။
KNU အကြမ်းဖက်သောင်းကျန်းသူများကြောင့် ရက်ပေါင်း ၅၀၀ ခန့် ကုန်စည်စီးဆင်းမှုခက်ခဲခဲ့ရတဲ့ မြန်မာ-ထိုင်း ကုန်စည်စီးဆင်းမှုများသည် တပ်မတော်၏ ကြားကာလယာယီအဖြစ် ရနောင်း-ရန်ကုန် ရေလမ်းခရီးဖြင့် စဉ်ဆက်မပြတ် စေရေး ဆောင်ရွက်ခဲ့ရပြီး မြန်မာ-ထိုင်း အာရှလမ်းမကြီး ပြန်လည် အသုံးပြုနိုင်ရေးအတွက် တပ်မတော်မှ အသက်၊ သွေး၊ ချွေးများစွာဖြင့် တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားစွာကြိုးစားအားထုတ်မှုများကြောင့် မကြာမီကာလအတွင်း ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါတယ်။
အာရှလမ်းမကြီး ပြန်လည်အသုံးပြုနိုင်ခဲ့ရင် ဘာတွေဖြစ်မလဲဆိုတာကတော့ ပြည်မကြီးကလူတွေထက် ဒေသခံတွေ အနေနဲ့ ပိုမိုသိမြင်ကြမှာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတိုင်းမှာ ကြားဝင်နှမ်းဖြူးလေ့ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ကဏ္ဍကလည်း အထူးဂရုပြုစရာ သင်ခန်းစာတစ်ရပ်အဖြစ် ဖော်ထုတ်ရရှိခဲ့ပြီး ငြိမ်းချမ်းရေး ကမ်းလက်များထက် သောင်းကျန်းသူအမြစ်ပြတ်ချေမှုန်းရေးလုပ်ငန်းဆောင်တာများကို ပိုမိုဖော်ဆောင်ရမည်ဆိုတဲ့ သာဓက တစ်ရပ်ကိုလည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့မှပိုမိုသိမြင် လာခဲ့ပြီးဖြစ်ပါတယ်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လစ်လျူရှု၊ မိမိတို့ကောင်းစားရေးအတွက်သာ လုပ်ဆောင်နေတဲ့ အကြမ်းဖက် လက်နက်ကိုင် ခေါင်းဆောင်များရဲ့လုပ်ရပ်များကိုလည်း ဒေသခံတွေ နဖူးတွေ့ ဒူးတွေ့ကြုံရတဲ့ မုန်တိုင်းကာလကိုလည်း သင်ခန်းစာ ရရှိနိုင်ခဲ့ကြပြီဖြစ်ပါတယ်။
တိုင်းပြည်ကနုနု.. မုန်တိုင်းကထန်ထန်ဆိုတဲ့ အပြောင်းအလဲကာလတွေကို ဖြတ်ကျော်တိုင်း ဖြတ်ကျော်တိုင်းမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍသည်အဓိက သော့ချက်နေရာမှ အမုန်းခံရုန်းကန်ခဲ့ရတာကိုလည်း ပြည်သူအားလုံးသိရှိခဲ့ပြီး ဖြစ်ပါလိမ့်မယ်။
မုန်တိုင်းကာလအလွန် ပြန်လည်ငြိမ်သက်အေးချမ်းမည့် အချိန်များ၊ ငြိမ်းချမ်းခြင်း အသီးအပွင့်တွေကို ခံစားရတော့မယ့် ကရင်ပြည်နယ် ဒေသခံများအတွက်ကတော့ “ရောင်နီလာပြီ မြဝတီ” လို့ပဲ ရေးသားတင်ပြလိုက်ရပါတယ် ခင်ဗျာ။
(KT)
