စက်တင်ဘာ ၁၀ ရက်နေ့ တိုက်ပွဲသတင်းများ

စက်တင်ဘာ ၁၀ ရက် (မနေ့)က သတင်းတွေကို ဖော်ပြရရင်ဖြင့်
(၁) ဖားကန့်
ဖားကန့်ဒေသဘက်မှာတော့ နယ်မြေရှင်း တပ်မတော်စစ်ကြောင်းတွေ လက်ယှက်ထိုး ဝင်ရောက်ရှင်းလင်းလျက်ရှိပြီး KIA အကြမ်းဖက်အဖွဲ့နဲ့ ကြိုကြားကြိုကြား ပစ်ခတ်မှုလေးတွေလောက်ပဲ ရှိပါတယ်။

(၂) ဗန်းမော်
ဗန်းမော်ဒေသ၊ ဆင်ခြေဖုန်းရပ်ကွက်တွေမှာ တိုက်တိုင်းအောင် မင်းခေါင်စစ်ကြောင်းတွေက အောင်မြေချဲ့လျက်ရှိပြီး အကြမ်းဖက် KIA ၃ လောင်း၊ အရှင်မိ (၂) ဦး၊ လက်နက်မျိုးစုံ ၅ လက်၊ ကျည်အိမ်/ကျည်ဆန်များ၊ လက်ပစ်ဗုံး/မိုင်းများ၊ ကျည်ကာအင်္ကျီ/ဦးထုပ်များ သိမ်းပိုက်ရရှိထားပါတယ်။

(၃) ကျောက်မဲ
ကျောက်မဲဒေသတွင် အောင်မြေချဲ့နယ်မြေရှင်းနေတဲ့ နေဝန်းနီသူရဲကောင်းစစ်ကြောင်းများနှင့် အကြမ်းဖက် TNLA/PDF အဖွဲ့တို့ ထိတွေ့တိုက်ပွဲငယ် (၁၀)ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ရန်သူအခြေပြုနေရာများအား သိမ်းပိုက်ရရှိကာ အကြမ်းဖက် TNLA/PDF အလောင်း ၅ လောင်း၊ Type-81 သေနတ် ၄ လက်၊ ကျည်အိမ်/ကျည်ဆန်များ၊ ပစ်ကျင်း ၃၂ ကျင်း၊ ဘန်ကာ ၆ လုံး၊ ဆသရမြောင်း ၆၀၀ ပေခန့် တို့အား သိမ်းပိုက်ရရှိခဲ့ပါတယ်။

(၄) ပဒါန်း
ပဒါန်းဒေသတွင် နယ်မြေရှင်းစစ်ကြောင်းများနှင့် အကြမ်းဖက် AA အဖွဲ့တို့ ထိတွေ့မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး မိမိစစ်သည် ၁ ဦး ကျဆုံးကာ AA အလောင်း ၂ လောင်း၊ M-22 သေနတ် ၁ လက်၊ MA-1 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၇ လုံး၊ မိုင်း ၂ လုံး တို့အား သိမ်းပိုက်ရရှိခဲ့ပါတယ်။

(၅) ဝက်လက်
ဝက်လက်မြို့နယ်မှာ နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် ၁ လောင်း၊ AK-47 သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပါတယ်။

(၆) မလှိုင်
ဒေသခံများ၏ သတင်းပေးချက်အရ အကြမ်းဖက်အဖွဲ့ရောက်ရှိရာ ရွာသာအေးရွာအနီးအား အထူးရဲတပ်ဖွဲ့များက သွားရောက်ရှင်းလင်းရာ အကြမ်းဖက် ၂ လောင်း၊ လက်နက်မျိုးစုံ ၂ လက်၊ လက်ပစ်ဗုံး ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပါတယ်။

(၇) မင်းလှ

မင်းလှမြို့နယ်၊ ကံတင်ဘီးလင်းဆည်အနီး နယ်မြေရှင်းလင်းရာ အကြမ်းဖက်စခန်း ၁ ခုအား တွေ့ရှိခဲ့ပြီး တန်းစီကွင်း ၁ ခု၊ လူနေတဲ ၅၁ လုံး၊ ဆေးခန်း ၁ ခု၊ ရှင်းလင်းဆောင် ၁ ခု၊ လေ့ကျင်းကွင်း ၁ ခု၊ ကျည်ဆန်/လက်ပစ်ဗုံးများ သိမ်းပိုက်ရရှိခဲ့ပါတယ်။

အထိနာနေတဲ့ အကြမ်းဖက်သူပုန်တွေကတော့ ပြည်ဖျက်မီဒီညာအားဖြင့် သတင်းအတု/သတင်းအမှားတွေကို သူတို့ဘက်တော်သားတွေ စိတ်ဓာတ်မကျစေဖို့ ဖြန့်ဝေနေတာ တွေ့ရှိရပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့သတင်းတွေက 💯 ၁၀၀ ရာခိုင်နှုန်းအမှန်တွေဆိုတာ အာမခံပါတယ်။

တိုက်ပွဲသတင်းစုံ (https://t.me/combatnews7723)

Leave a Reply

Your email address will not be published. Required fields are marked *