နေဝန်းနီသူရဲကောင်းများရဲ့ထိုးစစ်ကြောင့် နောင်ချိုကနေ ဆုတ်ခွာထွက်ပြေးသွားရတဲ့ အကြမ်းဖက် TNLA ပလောင်သူပုန်တွေ တုန်လှုပ်ခြောက်ခြားပြီး အိပ်မက်ဆိုးတွေ ညစဉ် မက်နေကြရတယ်။
အရှုံးကို ရဲရဲဝံ့ဝံ့ဝန်ခံနိုင်စွမ်းမရှိဘဲ မိန်းမလို၊ မိန်းမရစိတ်နဲ့ ဂုတ်တွင်းတံတားကို အကြိမ်ကြိမ် မိုင်းခွဲတယ်၊ ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ဘူး.. ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဂုတ်ထိပ်တံတားကိုလည်း ချိုးချခဲ့ကြတယ်။
ဘယ်လိုပဲ တံတားတွေချိုးချ ချိုးချ၊ ဘယ်လိုအတားအဆီးတွေ လုပ် လုပ်.. နေဝန်းနီသူရဲကောင်းတွေက အတားအဆီးအားလုံးကို ကျော်ဖြတ်ပြီး စစ်ဦးမြှားက တဟုန်ထိုးပြေးဝင်လာတဲ့အခါ TNLA သူပုန်အဖွဲ့တွေ ပြေးတဲ့သူက ပြေး၊ လက်နက်ချသူက ချ နဲ့ အုပ်အော်သောင်းနင်း၊ ထိန်းမနိုင်သိမ်းမရ ဖွဲ့စည်းပုံပျက်သွားပါတယ်။
ပလောင်ဆီက ဒေါ်လာယူထားတဲ့ NUG က TNLA ကို ကူတိုက်ပေးဖို့ PDF တွေကို စာထုတ်ထားပေးမယ့် လက်တွေ့မြေပြင်မှာ ဘယ် PDF ကမှ လာမပေါင်းခဲ့ပါဘူး(ပလောင်လက်ထဲရောက်နေတဲ့ PDF အနည်းငယ်ကလွဲလို့)။
ဒါကြောင့် အကြမ်းဖက် TNLA ဟာ တပ်ရင်းလိုက် တပ်ခွဲလိုက်တွေ ချေမှုန်းခံနေရပြီး လက်နက်ချ အလင်းဝင်လာသူတွေ နေ့စဉ် အများအပြားရှိပါတယ်။
နောင်များမှာ အလင်းဝင်သူတွေရဲ့ ပြောဆိုချက်တွေကို ဖော်ပြပေးပါမယ်။
တရားသောစစ် .. မုချအောင်ရမည်
တိုက်ပွဲသတင်းစုံ (https://t.me/combatnews7723)

