လူမှုရေးဆိုင်ရာ အားနည်းချက်ရှိနေတဲ့လူက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်နေသတဲ့လား

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဖြစ်တဲ့အပြင် ဩစတြေးလျ အမျိုးသားတက္ကသိုလ်ရဲ့ အကြီးအကဲနေရာယူထားတဲ့ ဂျူလီဘိ‌ရှော့နဲ့ သူ့လုပ်ဖော်ကိုင်ဖက် တစ်သိုက်ဟာ တခြားလုပ်ဖော်ကိုင်ဖက်တွေအပေါ် အနိုင်ကျင့်ခြိမ်းခြောက်ခဲ့တယ်လို့ ဒီကိစ္စမှာ victim ဖြစ်ခဲ့တဲ့ ဒေါက်တာ လစ်ဇ်အယ်လန်က အထက်လွှတ်တော်ကြားနာမှုမှာ ထွက်ဆိုခဲ့ ပါတယ် ….

ဒီလိုလူမှုရေးပိုင်းဆိုင်ရာ အားနည်းတဲ့လူတစ်ယောက်ကို မြန်မာနိုင်ငံအတွက် အထူး ကိုယ်စားလှယ်အဖြစ် ခန့်ထားတာဟာ မြန်မာနိုင်ငံအတွက် အဆိုးဖြစ်စေနိုင်လား/ အကောင်း ဘက်ကို ဦးတည်နေနိုင်သလားဆိုတာ လူပြိန်းတောင်နားလည်နိုင်ပါတယ် ….

ဂျုလီဘိရှော့တို့တစ်သိုက် အနိုင်ကျင့်တာကိုခံခဲ့ရတဲ့ အမျိုးသမီးဟာ ကိုယ်ဝန်ပျက်ကျခဲ့ ရတဲ့အပြင် သေကြောင်းကြံဖို့အထိဖြစ်ခဲ့ရတယ်လို့လည်း ထွက်ဆိုထားပါတယ် ….

ဒါ့ကြောင့် လူမှုရေးပိုင်းဆိုင်ရာ အားနည်းချက်ရှိနေတဲ့ လူတစ်ဦးက ကုလနဲ့နွှယ်ပြီး မြန်မာနိုင်ငံအတွင်းမှာ လူသားချင်းစာနာထောက်ထားမှုတွေ ထွန်းကားဖို့ ပဋိပက္ခဖြစ်နေသူတွေ ပြေငြိမ်းဖို့ ပြောနေတာတွေက တကယ့်စိတ်ရင်းအမှန်လား တကယ်ထိရောက်ပါ့မလားလို့ တွေးမိတယ်…..

ကိုယ်တိုင်မှာ တစ်ဖက်သားကို နစ်နစ်နာနာဖြစ်အောင် ပြုမူပြောဆိုတတ်လေတော့ မြန်မာနိုင်ငံအရေးတွေမှာ စီးပွားရေးဆန်ဆန်လုပ်ကွက်တွေနဲ့ ကစားသွားမှာကိုလည်း စိုးရိမ်မိ ပါတယ်…

နောက်ပြီး ကုလနဲ့ စကားခွင်တွေမှာ တကယ့်ဖြစ်ရပ်တွေကို ပြောရမယ့်အစား ပဋိပက္ခကို မီးထိုးပေးလိုက်သလို ပိုလောင်သွားစေမယ့် စကားတွေများ ပြောခဲ့လေမလားဆိုတာလည်း စိတ်ပူမိတယ် ….

ကုလအနေနဲ့ စိတ်ပိုင်းဆိုင်ရာ/ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိနေတဲ့ အမျိုးသမီးကို မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အဖြစ် ခန့်ထားတာဟာ မဖြစ်သင့်တဲ့ လုပ်ရပ်လို့ မြင်မိပါတယ် …

တကယ်လို့ ကုလဟာ ဒီကိစ္စကို လျစ်လျူရှုခဲ့မယ် ဒီအမျိုးသမီးကိုပဲ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ထားနေဦးမယ်ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းဆိုတဲ့ ဂုဏ်ပုဒ်အောက် ကနေ နိုင်ငံကြီးအချို့က သူတို့အကျိုးစီးပွားအတွက် အခြားနိုင်ငံတစ်နိုင်ငံကို ပိုဝန်ထုပ် ဝန်ပိုး‌ ဖြစ်အောင်၊ ကျပ်တည်းသွား အောင်လုပ်ရင်း အမြတ်ထုတ်နေကြတယ်ဆိုတာ သေချာသွားပြီ …..

မှိုင်းဝေ

Leave a Reply

Your email address will not be published. Required fields are marked *