၁။ ၆-၂-၂၀၁၆ ရက်နေ့တွင် တာမွေမြို့နယ်၊ ဦးထွန်းမြတ်လမ်းပေါ်၌ မသင်္ကာဖွယ် ရပ်တန့် ထားသည့်ယာဉ်အားစစ်ဆေးရာ အောင်မြတ်ကျော် (AA ဒုတိယဗိုလ်မှူးကြီးအဆင့်) ကို ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၇၂ တောင့်၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖော်ထုတ်ချက်အရ ဝေသာထွန်း (AA အရာခံဗိုလ်အဆင့်)အား ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ရှိ နေအိမ်များမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃.၃၀၈ သိန်း အပါအဝင် ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၈၆၇၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၁ ခု၊ လက်နက်ကြီးပို့ကျည် ၁၂ လုံးနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိသဖြင့် အောင်မြတ်ကျော် (AA ဒုတိယဗိုလ်မှူးကြီး အဆင့်)ပါ ၁၈ ဦးနှင့် ပါဝင်ပတ်သက်သူ ၂ဝ ဦးတို့အား တာမွေမြို့မရဲစခန်း(ပ)၁၁၇/၂၀၁၆၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်များအရ အောင်မြတ်ကျော်သည် ထွန်းမြတ်နိုင် (AA ဗိုလ်ချုပ်အဆင့်)၏ တာဝန် ပေးချက်အရ ရန်ကုန်မြို့တွင်အခြေပြုကာ ဝေသာထွန်းနှင့်အတူ မော်တော်ယာဉ်များတွင် အံဝှက်များ ပြုလုပ်၍ ၂၀၁၅ ခုနှစ်အတွင်း လက်နက်ခဲယမ်းများအား ပြင်ဦးလွင်မြို့မှ ရန်ကုန်သို့ (၆) ကြိမ်နှင့် ဘားအံမှ ရန်ကုန်သို့(၁၀)ကြိမ် သယ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့ကြောင်း၊ ထို့အတူ အောင်မြတ်ကျော် သည် မန္တလေးမြို့၌အခြေပြုကာ ထွန်းမြတ်နိုင်၏ ချိတ်ဆက်ပေးမှုအရ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်သည့် ချမ်းသာ ဆိုသူထံမှ စိတ်ကြွရူးသွပ်ဆေးပြားများကို လက်ခံရယူ၍ မန္တလေးမြို့တွင် ငှားရမ်းထားသည့်အိမ်၌ သိမ်းဆည်းထားပြီး ၎င်းမှ မန္တလေး-မိတ္ထီလာ-ပြည်-တောင်ကုတ်-စစ်တွေ လမ်းကြောင်းအတိုင်း အကြိမ်ကြိမ်ခွဲယူသယ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ရောင်းချရငွေများအား အောင်မြတ်ကျော် ထံသို့ ပေးပို့ရာတွင် ရန်ကုန်မြို့ရှိ AA သောင်းကျန်းသူ အဖွဲ့ဝင်များ၊ တရားမဝင်ငွေလွှဲများမှပေးပို့ရပြီး မူးယစ်ဆေးဝါးရောင်းချပေးသူ ချမ်းသာထံသို့ မန္တလေးရှိ AA သောင်းကျန်းသူအဖွဲ့ဝင်များထံမှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးခဲ့ပါသည်။ ထို့ပြင် စောဝေနီ (AA ဒုတိယဗိုလ်မှူးကြီးအဆင့်)မှ လွှဲခိုင်းသူများထံသို့လည်း ငွေများလွှဲပေးခဲ့ရကြောင်း ဖော်ထုတ်ရရှိခဲ့ပါသည်။
၂။ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုမင်းသိုက် အား AA သောင်းကျန်းသူအဖွဲ့မှ လုပ်ကြံ သတ်ဖြတ်မှု။ ၃၀-၁-၂၀၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်း မိုင်တိုင်အမှတ် (၁၆၉/၀) နှင့် (၁၆၉/၁) ကြား၌ ရခိုင်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း၊ အဆိုပါအမှုအား စုံစမ်းစစ်ဆေးရာမှ ကျော်မြင့် (AA စည်းရုံးရေးတာဝန်ခံ) အား ပစ္စတို့သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၉ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် AA သောင်းကျန်းသူအဖွဲ့ဝင် ၆ ဦး အပါအဝင် ပြစ်မှုကျူးလွန်သူ ၄၅ ဦးအား လက်နက်ခဲယမ်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၉၉၇၀ ပြား ဖမ်းဆီးရမိနှင့်ပတ်သက်ပြီး မြောက်ဥက္ကလာပမြို့မရဲစခန်း မယ(ပ)၅/၂၀၁၈၊ မူး/စိတ်ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ သောင်ကြီးနယ်မြေရဲစခန်း (ပ)၈၀/၂၀၁၈၊ လက်နက် (ယာယီ) ပြင်ဆင်ချက်အက်ဥပဒေပုဒ်မ ၁၉-က ဖြင့်လည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့မရဲစခန်း(ပ)၁၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၄၀/၁၁၄ ဖြင့်လည်းကောင်း၊ သံလျင်မြို့မရဲစခန်း (ပ)၃၅၂/၂၀၁၈၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့်လည်းကောင်း၊ မင်္ဂလာဒုံမြို့မရဲစခန်း မယ(ပ)၁၈/၂၀၁၈၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(ဃ) ဖြင့်လည်းကောင်း၊ မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၂၃၇/၂၀၁၈၊ လက်နက် (ယာယီ)ပြင်ဆင်ချက်ဥပဒေပုဒ်မ ၁၉-က ဖြင့်လည်းကောင်း၊ ကမာရွတ်မြို့မရဲစခန်း(ပ)၂၂၄၁/၂၀၁၉၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(ခ)/၅၂(ဂ) ဖြင့်လည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်း မယ(ပ)၆၆/ ၂၀၁၉၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့်လည်းကောင်း အမှုဖွင့် အရေးယူထားရှိကြောင်း တရားခံ ကျော်မြင့် အား စစ်ကြောချက်အရ ၎င်းသည် ၂၀၁၆ ခုနှစ်မှ စတင်ပြီး AA သောင်းကျန်းသူ အဖွဲ့၏ စည်းရုံးရေးတာဝန်ခံအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသဖြင့် တပ်သားသစ်စုဆောင်းခြင်းကို အဓိကထား ဆောင်ရွက်ရပြီး ကိုလတ် (AA စီးပွားရေးတာဝန်ခံ)၊ ဇော်မိုးအောင်၊ ကျော်နိုင်ဦး တို့ ၃ ဦးနှင့် တွေ့ဆုံပြီး ဦးဘိုဘိုမင်းသိုက် အား သတ်ရန် စီစဉ်တိုင်ပင်ခဲ့ကြောင်း၊ လက်နက်ခဲယမ်း သယ်ဆောင်ရောင်းဝယ်မှုအနေဖြင့် လပြည့် (AA အဖွဲ့ဝင်) ၏ ချိတ်ဆက်ပေးမှုအရ မန္တလေးမြို့နေ မဇာဇာ နှင့်ဆက်သွယ်ပြီး M 16 ၂၀ လက်၊ ကျည် ၅ဝဝဝ တောင့်၊ ပစ္စတို ၂ လက်တို့အား ဝယ်ယူ၍ ကျောက်တော်မြို့နယ်၊ ပီချောင်းတံတားအနီးသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလတွင် မဇာဇာ နှင့် မြင့်ညီညီအောင် တို့ထံမှ ပစ္စတို ၄ လက်နှင့် ၎င်းကျည် ၅ဝ တောင့်၊ M-16 ၂ဝ လက်နှင့် ၎င်းကျည် ၁၀,၀၀၀ တောင့်တို့အား ဝယ်ယူခဲ့ပြီး မင်္ဂလာဒုံမြို့နယ်မှတစ်ဆင့် မြောက်ဦးမြို့နယ်၊ ၎င်းမှတစ်ဆင့် အောင်အောင် (AA အဖွဲ့ဝင်) ထံသို့ ပို့ပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ မူးယစ်ဆေးဝါးများဝယ်ယူခဲ့ပြီး ရခိုင်ပြည်နယ်သို့ ပြန်လည်ဖြန့်ဖြူးရောင်းချခဲ့ရာမှ ရရှိသောအကျိုးအမြတ်များဖြင့် လက်နက်ခဲယမ်းများ ဝယ်ယူခဲ့သည့်အပြင် နေအိမ်၊ မော်တော်ယာဉ် နှင့် အခြားပစ္စည်းများ ဝယ်ယူထားကြောင်း၊ ပိုလျှံငွေများအား ကမ္ဘောဇဘဏ်နှင့် ဧရာဝတီဘဏ်တို့တွင် ငွေစုစာအုပ်များ ပြုလုပ်ထားရှိကြောင်း ဖော်ထုတ်ရရှိပါသည်။
၃။ ရသေ့တောင်မြို့နယ်၊ ရက်ခုန်တိုင်ကျေးရွာတွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ လက်နက်ခဲယမ်း များနှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိမှု။ ၈-၈-၂၀၁၉ ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ရက်ခုန်တိုင် ကျေးရွာအုပ်ချုပ်ရေးမှူး စံသာကျော် ၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၈ သန်းကျော်၊ ARAKAN ARMY စာတန်းပါ လက်မောင်းနှင့် ရင်ဘတ်တံဆိပ်များ၊ လက်ပစ်ဗုံး ၃၆ လုံး၊ မိုင်းပြုလုပ် ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့် စကားပြောစက် ၅၂ လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် တရားခံ စံကျော်သာ(ဖမ်းမမိ)အား စစ်တွေမြို့မရဲစခန်း မယ(ပ)၂၅/၂ဝ၂၉ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၀(က)/၂၂(ခ)/၂၁ ဖြင့်လည်းကောင်း၊ စစ်တွေမြို့ရဲစခန်း (ပ)၁၃၇ဝ/၂ဝ၂၉ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/၅၁(ဂ)/၅၂(က) ဖြင့်လည်းကောင်း၊ စစ်တွေမြို့မရဲစခန်း (ပ)၁၃၇၁/၂၀၁၉ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့်လည်းကောင်း၊ စစ်တွေမြို့မရဲစခန်း (ပ)၁၃၇၁/၂ဝ၁၉ ပေါက်ကွဲ ၅ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားရှိခဲ့ကြောင်း၊ ဆက်စပ်ဖော်ထုတ်ချက်များအရ AA သောင်းကျန်းသူ အဖွဲ့၏ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းသယ်ဆောင်ရောင်းဝယ်မှု အခြေအနေများအား ဖော်ထုတ် သိရှိခဲ့ရပါသည်။
၄။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် AA သောင်းကျန်းသူ အဖွဲ့အား မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှု။ ၂၅-၈-၂၀၁၉ ရက်နေ့တွင် ဗဟန်း မြို့နယ်၌ ထွဋ်အောင်လွင် နှင့် ကြည်ခိုင် တို့ ၂ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံ မအေးအေးဝင်း ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁.၆၈၈ သိန်းနှင့် မြန်မာကျပ်ငွေ ၆၇၀ဝဝ ကျပ်အားလည်းကောင်း၊ ခိုင်ခိုင်စံ(AA အမာခံ)၊ နိုင်နိုင်ထွန်း၊ စိုင်းနော်မိန်း တို့ ၃ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၇၈၀ ပြားနှင့် ရခိုင်ပြည်နယ်သို့တင်ပို့မည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းအား လည်းကောင်း၊ အမ်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၇.၄၉၉၇၅ သိန်းနှင့် စိတ်ကြွ ဆေးအကြေမှုန့် ၂.၅ ဂရမ်အားလည်းကောင်း၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားတွင် စိတ်ကြွရူးသွပ် ဆေးပြား ၇.၅ သိန်းအားလည်းကောင်း၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂.၆၇ သန်းကျော်နှင့် စိတ်ကြွဆေးအကြေမှုန့် ၂.၅ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ AA သောင်းကျန်းသူ အဖွဲ့ဝင် ၃ ဦး ထံမှ ယမ်း၊ ဒီတိုနေတာနှင့် စစ်သုံးပစ္စည်းများ ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် AA သောင်းကျန်းသူ အဖွဲ့အား ငွေကြေးထောက်ပံ့သူ ခိုင်ခိုင်စံ နှင့် AA သောင်းကျန်းသူ အဖွဲ့ဝင် ၃ ဦးအပါအဝင် တရားခံ ၄၆ ဦးတို့အား ဗဟန်းမြို့မရဲစခန်း မယ(ပ)၃၈/၂၀၁၉ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ စမ်းချောင်းမြို့မရဲစခန်း မယ(ပ)၂၇/၂၀၁၉ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က) ဖြင့်လည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ရဲစခန်း မယ(ပ)၁၉/၂ဝ၁၉၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ မင်္ဂလာဒုံမြို့မရဲစခန်း မယ(ပ)၄၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ အမ်းမြို့မရဲစခန်း မယ(ပ) ၅/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ မင်းပြားမြို့မရဲစခန်း မယ(ပ)၃၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူထားရှိခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ လက်ပစ်ဗုံးများနှင့် မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိမှုမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ခိုင်ခိုင်စံ သည် AA သောင်းကျန်းသူ အဖွဲ့၏ အမာခံဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခဲ့ပြီး ရရှိသည့်ငွေကြေးအကျိုးအမြတ်များကို မန္တလေးမြို့နေ ကိုဖြိုး (AA ဗိုလ်မှူးအဆင့်) ထံသို့ လွှဲပြောင်း ပေးခဲ့ကြောင်း၊ ကိုဖြိုး ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စစ်သုံးပစ္စည်းများ၊ ဖောက်ခွဲရေး ချမ်းငြိမ်း (AA တပ်သားအဆင့်)နှင့် မိုးကျော်(AA တပ်သားအဆင့်) တို့အား ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း၊ ၎င်းတို့အား စစ်ဆေးချက်အရ AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ၎င်းတို့၏ အမာခံအဖွဲ့ဝင်များအဖြစ် လူလတ်ပိုင်းအမျိုးသမီးများကို လူသစ်စည်းရုံးစုဆောင်းခြင်းနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ် ရေးလုပ်ငန်းများတွင် မြှုပ်နှံအသုံးပြုကြောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား အမြောက်အမြားကို အဝတ် အထည်ထုပ်များအတွင်း သိုဝှက်ပြီး ရခိုင်ပြည်နယ်သို့ လူမဲ့တန်ဆာများဖြင့် တင်ပို့၍ ၎င်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သယ်ဆောင်ရောင်းဝယ်လျက်ရှိကြောင်း ဖော်ထုတ်ရရှိပါသည်။
၅။ ဘူးသီးတောင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိမှု။ ၂၈-၈-၂၀၁၉ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၌ AA သောင်းကျန်းသူ၊ ARSA အကြမ်းဖက်အုပ်စုများနှင့် ဆက်နွှယ်မှုရှိသူများဖြစ်သည့် မာမွတ်ဆိုလီ၊ မာမွတ်ဆာကစ် နှင့် ဟာကူယာမောက် တို့အား စိတ်ကြွ ရူးသွပ်ဆေးပြား ၈၉ဝ ပြား၊ ဓားရှည် ၂ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိသဖြင့် အရေးယူထားရှိခဲ့ ပါသည်။ AA သောင်းကျန်းသူအဖွဲ့များသည် ရခိုင်လူမျိုးကောင်းစားရေးဟုဆိုသော်လည်း ဘင်္ဂါလီ အကြမ်းဖက်သောင်းကျန်းသူများနှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ခြင်းများကို တိုးမြှင့်လုပ်ဆောင် လျက်ရှိပါသည်။
၆။ မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိမှု။ ၃၁-၅-၂ဝ၂ဝ ရက်နေ့တွင် မောင်တောမြို့နယ်၊ တပ်ဦးချောင်းကျေးရွာအုပ်စုနေ မောင်ရွှေသိန်း (AA တပ်သားသစ်စုဆောင်းရေးတာဝန်ခံ) နေအိမ်ရှိ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂.၄ သန်းကျော်၊ ပစ္စတို ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ မြန်မာငွေကျပ် ၄.၉ သန်း၊ ဆိုင်ကယ် ၁ စီး၊ HIJET ယာဉ် ၁ စီး တို့ကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေအိမ်၌ တပ်သားသစ်အဖြစ် စုဆောင်းထားသူများအပါအဝင် တရားခံ ၂ဝ ဦးအား အရေးယူထားရှိခဲ့ကြောင်း၊ ဖမ်းမိတရားခံများအား စစ်ဆေးချက်အရ မောင်ရွှေသိန်း သည် AA သောင်းကျန်းသူအဖွဲ့၏ လူသစ်စုဆောင်းရေးတာဝန်ခံဖြစ်ပြီး တပ်သားသစ်များကို သင်တန်း ကျောင်းသို့ ပို့ဆောင်ပေးရကြောင်းနှင့် ဖမ်းမိလက်နက်ခဲယမ်းများသည် AA အဖွဲ့မှ ထုတ်ပေးထားခြင်း ဖြစ်ကြောင်း၊ ဖမ်းမိမူးယစ်ဆေးဝါးများသည် ဗျတ္တ (AA သောင်းကျန်းသူအဖွဲ့ဝင်)မှ ပေးပို့ထားခြင်း ဖြစ်ကြောင်း ဖော်ထုတ်ရရှိပါသည်။
၇။ ငဖဲမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် AMMONIUM NITRATE ၅.၄၅ တန်နှင့် ယမ်းပျော့ ၁၁၆ဝ ချောင်း ဖမ်းဆီးရမိမှု။ ၄-၅-၂၀၂၁ ရက်နေ့တွင် ငဖဲမြို့နယ်၊ ပဒါန်း(ပျဉ်းဝ) စစ်ဆေးရေးဂိတ်၌ တရားခံ ချစ်ဝေ နှင့် ကိုမျိုး တို့အား စစ်တွေမြို့သို့ ပို့ဆောင်မည့် AMMONIUM NITRATE ၂ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ စစ်ဆေးဖော်ထုတ်ချက်အရ ကျောက်ပန်းတောင်း မြို့တွင် မျိုးမင်းထွန်း (AA အရာခံဗိုလ်အဆင့်)အား AMMONIUM NITRATE ၃.၄၅ တန်၊ ယမ်းပျော့ ၁၁၆ဝ ချောင်း တို့နှင့်အတူ သိမ်းဆည်းရမိသဖြင့် အရေးယူထားရှိခဲ့ကြောင်း၊ တရားခံ မျိုးမင်းထွန်း အား စစ်ဆေးချက်အရ ၎င်းသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ AA သောင်းကျန်းသူအဖွဲ့တွင် အရာခံဗိုလ်အဆင့်ထိ လိုင်ဇာမြို့၌ တာဝန်ထမ်းဆောင်ခဲ့ပြီး AA သောင်းကျန်းသူအဖွဲ့ စစ်ထောက်ဌာနမှ ဝင်းမောင် (AA ဗိုလ်ကြီးအဆင့်) ၏ စေခိုင်းချက်အရ မင်းစိုး (AA ဗိုလ်အဆင့်)ထံ ဆက်သွယ်ခဲ့ပြီး ကျောက်ပန်းတောင်းမြို့ရှိ ခြံဝင်း၌ ဂိုဒေါင်တာဝန်ခံအဖြစ် ဘိုသန်းစိန် (AA တပ်သားအဆင့်)နှင့်အတူ လုပ်ကိုင်ခဲ့ကြောင်း၊ AA အဖွဲ့ရှိရာ လိုင်ဇာသို့ ကုလားပဲ၊ ငါးပိများနှင့် ထောက်ပံ့ပစ္စည်းများ ပို့ဆောင် ခဲ့ကြောင်း၊ ဇူလိုင်လတွင် မင်းစိုး ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် AMMONIUM NITRATE များကို ရခိုင် ပြည်နယ်၊ ကျောက်တော်မြို့သို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အဆိုပါ ခဲယမ်းများကို AA သောင်းကျန်းသူ အဖွဲ့၏ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများတွင် အသုံးပြုခြင်းဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့ပါ သည်။
၈။ ရွာငံမြို့နယ်တွင် ဆီသယ်ယာဉ် အံဝှက်အတွင်းမှ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိမှု။ ၄-၁ဝ-၂ဝ၂၁ ရက်နေ့တွင် ရွာငံမြို့နယ်၌ မန္တလေးသို့ပို့ဆောင်မည့် နေလင်းထွန်း မောင်းနှင်လာသည့် ဆီသယ်ယာဉ် ကိုယ်ထည်အံဝှက်အတွင်းမှ လက်နက်မျိုးစုံ ၂၂၀ လက်၊ ဗုံးသီးထိပ်ဖူး ၈၉ လုံး၊ ဒလက်ပါဗုံးသီးအရှည် ၈၉ လုံး၊ ကျည်အိမ် ၉၅၄ ခု၊ ကျည်မျိုးစုံ ၃၂၆၄၀ တောင့်နှင့် ငွေကျပ်သိန်း ၅၀ တို့ကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံ ဇာနည်ထွန်း အား မော်တော်ယာဉ် ၄ စီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ဇာနည်ထွန်း အား စစ်ဆေးချက်အရ ၎င်းသည် ၂ဝ၁၇ ခုနှစ်၊ မေလတွင် မိတ်ဆွေဖြစ်သူ ကိုရဲ မှ ၎င်း၏အမည်ဖြင့် ဖမ်းမိဆီသယ်ယာဉ်အား ငွေကျပ်သိန်း ၇၀၀ ဖြင့် ဝယ်ယူပေးခဲ့ကြောင်း၊ ကိုရဲ ၏ စေခိုင်းချက်အရ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် တောင်ကြီးမြို့နေ စိုင်းရယ် ဆိုသူထံမှ မူးယစ်ဆေးဝါးနှင့် လက်နက်များအား လက်ခံရယူပြီး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ကလီဆိပ်ကမ်းသို့ ငွေကျပ်သိန်း ၁၅၀ ဖြင့် ပို့ဆောင်ပေးခဲ့ရာ ဆိပ်ကမ်းမှ စက်လှေဖြင့် လာရောက်ယူဆောင်သွားခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ကိုရဲ ၏ စေခိုင်းချက်အရ မူးယစ်ဆေးဝါး (၃) ကြိမ် နှင့် လက်နက်ခဲယမ်း (၇)ကြိမ် အဆိုပါဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့ကြောင်း၊ AA သောင်းကျန်းသူ အဖွဲ့ဝင်များသည် အမာခံများမွေးမြူကာ မူးယစ် ဆေးဝါးနှင့်လက်နက်ခဲယမ်းများကို ရှမ်းပြည်နယ်မှရယူပြီး ရခိုင်ပြည်နယ်အတွင်းရှိ AA သောင်းကျန်းသူ အဖွဲ့ထံသို့ ပို့ဆောင်ခိုင်းလျက်ရှိကြောင်း ဖော်ထုတ်ရရှိပါသည်။
၉။ ရွာငံမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု။ ၃-၁၂-၂ဝ၂၃ ရက်နေ့တွင် ရွာငံမြို့နယ်၌ တရားခံ ၃ ဦးအား အိုက်စ် ၆၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ရွှေပြည်သာမြို့နယ်တွင် အိုက်စ် ၈၆၅ ကီလို အားလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် အိုက်စ် ၁၁၄၀ ကီလိုနှင့် ကဖင်း ၈၀၀ ကီလိုအားလည်းကောင်း၊ စုစုပေါင်း အိုက်စ် ၂၀၇၀ ကီလို၊ ကဖင်း ၈ဝဝ ကီလို၊ ပင်လယ်ပြင်သုံးစက်လှေ ၁ စီးနှင့် မော်တော်ယာဉ် ၄ စီး တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ကျော်မြတ်ဦး (ဖမ်းမမိ) (AA ဗိုလ်မှူးကြီးအဆင့်၊ စီးပွားရေး တာဝန်ခံ)ပါ AA သောင်းကျန်းသူအဖွဲ့ဝင် ၇ ဦးနှင့် ပါဝင်သူစုစုပေါင်း ၁၇ ဦးတို့အား အရေးယူထားရှိခဲ့ကြောင်း၊ တရားခံများအား စစ်ဆေးချက်အရ အိုက်စ်နှင့် ကဖင်းများအား AA သောင်းကျန်းသူအဖွဲ့မှ ကျော်မြတ်ဦး (AA ဗိုလ်မှူးကြီးအဆင့်) ၏ခိုင်းစေမှုဖြင့် စစ်တွေမြို့သို့ သယ်ဆောင်မည်ဖြစ်ကြောင်း၊ ဖမ်းမိတရားခံ နေလင်းထွန်း (AA ဒုဗိုလ်အဆင့်)သည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ AA တပ်စခန်း၌ စိုက်ပျိုးမွေးမြူရေးတာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ကျော်မြတ်ဦး ၏ ခိုင်းစေချက်အရ နေလင်းထွန်း သည် ရန်ကုန်သို့သွားရောက်၍ မူးယစ်ဆေးဝါးများအား ရွှေပြည်သာမြို့နယ်ရှိ ဂိုဒေါင်တွင် သိုလှောင်ထုပ်ပိုး ခဲ့ပြီး ရွှေပြည်သာမြို့နယ်၊ မုတ္တမဆိပ်ကမ်း၌ သင်္ဘောပေါ်သို့တင်ဆောင်ပေးခဲ့ကြောင်း၊ ဖမ်းမိကဖင်း များအား တညင်းကုန်းဈေးအနီးမှသယ်ဆောင်၍ ရွှေပြည်သာစက်မှုဇုန်၌ သိုလှောင်ထားခဲ့ကြောင်း၊ သိမ်းဆည်းရမိ အိုက်စ်များအား ရွှေပြည်သာမြို့နယ်၊ မုတ္တမဆိပ်ကမ်းရှိ တနင်္သာရီ(၁) သင်္ဘောပေါ်သို့ ပို့ဆောင်ခိုင်းခဲ့ကြောင်း၊ AA သောင်းကျန်းသူအဖွဲ့မှ ဗိုလ်ချုပ်အဆင့်ရှိ ထွန်းမြတ်နိုင်၏ ခိုင်းစေချက်အရ ကျော်မြတ်ဦး၊ နေလင်းထွန်း နှင့် စိုးပိုင် တို့သည် မူးယစ်ဆေးဝါးများကို ပြည်တွင်း/ပြည်ပသို့ သယ်ဆောင် ရောင်းဝယ်နေခြင်းဖြစ်ကြောင်း၊ တရားခံ ဦးလှဝင်းသည် ကျော်မြတ်ဦး နှင့် သူငယ်ချင်းများဖြစ်ပြီး ၎င်း၏ စေခိုင်းချက်အရ ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ အိုက်စ်များကို တာဝန်ခံပို့ဆောင်ပေးသူ ဖြစ်ကြောင်း၊ ကျော်မြတ်ဦးမှ အိုက်စ် ၃၀၉၀ ကီလိုအား (၇) ကြိမ်ခွဲ၍ ရန်ကုန်မြို့သို့ ပို့ဆောင်ခိုင်း ခဲ့ကြောင်း၊ နေလင်းထွန်းနှင့် ဆက်သွယ်၍ အိုက်စ်များအား ရေကြောင်းမှတစ်ဆင့် မလေးရှားပင်လယ်ပြင်သို့ ပို့ဆောင်ရန်အတွက် “တနင်္သာရီ (၁)” စက်လှေပေါ်သို့ တင်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း၊ အသုံးပြုသည့် လမ်းကြောင်းမှာ ရန်ကုန်မှ ဆိပ်ကြီးခနောင်တို-မအူပင်-မြောင်းမြ-ငပုတော-ဟိုင်းကြီးကျွန်းမှ ပင်လယ် ကမ်းရိုးတန်းအတိုင်း စစ်တွေမြို့သို့ မောင်းနှင်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ သတင်းပေါက်ကြားမှု မဖြစ်စေရန်အတွက် AA သောင်းကျန်းသူအဖွဲ့သည် ကိုယ်ပိုင်စက်လှေများဝယ်ယူခြင်း၊ သင်္ဘောသား များကိုလည်း AA သောင်းကျန်းသူအဖွဲ့ဝင်များကိုသာ စေခိုင်းတာဝန်ပေးခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရကြောင်း၊ AA သောင်းကျန်းသူအဖွဲ့သည် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သယ်ဆောင် ရောင်းဝယ်ရာတွင် စီးပွားရေးတာဝန်ခံများကို အဆင့်ဆင့်အသုံးပြုပြီး ၎င်းတို့၏အဖွဲ့ဝင်များကိုသာ အဓိကနေရာများတွင် အသုံးပြု၍ အဖွဲ့ဝင်များနေထိုင်ရန်နှင့် မူးယစ်ဆေးဝါးများသိုလှောင်ရန် အိမ်နှင့် ဂိုဒေါင်များ ငှားရမ်းပေးခြင်း၊ မူးယစ်ဆေးဝါးများသယ်ယူပို့ဆောင်ရန် ကားနှင့် စက်လှေများ ဝယ်ယူ ပေးခြင်း၊ မူးယစ်ဆေးဝါးများ စီစဉ်ပို့ဆောင်ပေးသည့် ဝန်ဆောင်ခများ ထုတ်ပေးကြောင်း သိရှိရပြီး AA သောင်းကျန်းသူအဖွဲ့သည် မူးယစ်ဆေးဝါးရောင်းဝယ်ရာမှ ရရှိသောငွေကြေး အကျိုးအမြတ်များဖြင့် လက်နက်ခဲယမ်းများဝယ်ယူခြင်းနှင့် လူသစ်စုဆောင်းခြင်းများကို ဆောင်ရွက်နေကြောင်း ဖော်ထုတ် သိရှိရပါသည်။
၁၀။ မရမ်းကုန်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု။ ၂၁-၃-၂ဝ၂၄ ရက်နေ့တွင် စစ်တွေ မြို့နေ တရားခံပြေး သန့်ဇင်ဦး (AA ထောက်ပံ့ရေးတာဝန်ခံ)သည် ရန်ကုန်မြို့မှတစ်ဆင့် စစ်တွေမြို့ နှင့် ဘူးသီးတောင်မြို့သို့ မူးယစ်ဆေးဝါးများ ပို့ဆောင်နေကြောင်း သတင်းအရ တာမွေမြို့နယ်နေ ထွန်းသိန်းအောင်နှင့်ဇနီးဖြစ်သူ စုမြတ်ဝေ တို့ ၂ ဦးအား စစ်မေးရာမှ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် ဆိပ်ကမ်းရှိ “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင်သင်္ဘောပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် သန့်ဇင်ဦး ပါ တရားခံ ၁၇ ဦးအား အရေးယူထားရှိခဲ့ကြောင်း၊ အဆိုပါအမှုမှ တရားခံများသည် ၂၀၂၄ ခုနှစ်၊ မတ်လတွင် AA သောင်းကျန်းသူအဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး သန့်ဇင်ဦး၏ ခိုင်းစေချက်များအရ တောင်ကြီးမြို့မှ ရန်ကုန်မြို့သို့ အဆင့်ဆင့်ကြားခံ များ အသုံးပြုကာ မူးယစ်ဆေးဝါးများကို ကုန်ပစ္စည်းများနှင့်ရောနှောထုပ်ပိုးပြီး သယ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးများဝယ်ယူရန်အတွက် Mobile Banking Account အသုံးပြုပြီး နေရာ ဒေသအသီးသီးရှိ လူပုဂ္ဂိုလ်များကိုအသုံးချကာ အဆင့်ဆင့်လွှဲပြောင်းပေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့ပါသည်။
၁၁။ ၂၂-၇-၂ဝ၂၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဖျာပုံမြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ ကမ်းနားကွင်းကျေးရွာအနီး ခါးပြတ်ချောင်းအတွင်း အလျား ၈၅ ပေ၊ အနံ ၂၈.၈ ပေ၊ ရေစူး ၈ ပေခန့်ရှိ သံခွံကိုယ်ထည် အမျိုးအစား (လှေအမည်မပါ) ကုန်တင် စက်လှေတစ်စီး မောင်းနှင်လာသည်ကို တွေ့ရသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်သွားသဖြင့် ပူးပေါင်းအဖွဲ့မှ စက်လှေငယ်များဖြင့် လိုက်လံဖမ်းဆီးရာ ကမ်းနား ကွင်းကျေးရွာထိပ်ရှိ ခါးပြတ်ချောင်းကမ်းဘေးတွင် စက်လှေအား ရပ်တန့်ထားရှိခဲ့ပြီး စက်လှေပေါ်မှ ခုန်ချထွက်ပြေးသူ ကျော်မြင့်နိုင်(ကျား)၊ ရဲဝင်းနိုင်(ကျား)၊ ဌေးအောင်(ကျား)၊ ဆိတ်ဖေ(ခ) ဆိတ်ဖြူ (ခ)ဦးဆိတ်(ကျား)နှင့် စောဟန်(ကျား) တို့ ၅ ဦးအား ဖမ်းဆီးရမိခဲ့ပြီး စက်လှေအတွင်း စစ်ဆေး ရှာဖွေရာ စက်လှေအတွင်းမှ ဆာလာအိတ် တစ်အိတ်လျှင် အိုက်စ် ၂၅ ကီလို စီပါ ၉၂ အိတ်ဖြင့် ထည့်လျက် စုစုပေါင်းအိုက်စ် ၂၃၀၀ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၀ဝ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၆၉ ဘီလီယံ)၊ မြန်မာငွေကျပ် ၂ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးချက်အရ အမာမြို့၊ ဆိတ်ဖြူကျေးရွာနေ သန်းဌေး မှ ဆိပ်ကမ်းငှားရမ်းခြင်း၊ ပစ္စည်း တင်ဆောင်ရန်ကူညီပေးခြင်း၊ တည်းခိုမည့်နေရာစီမံပေးခြင်း၊ ပင်လယ်ရေလမ်းကြောင်း အခြေအနေ ကြည့်ရှုပေးခြင်းတိုဖြင့် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရန် ကူညီပေးခဲ့ကြောင်း၊ ဆိတ်ဖေ (ခ) ဆိတ်ဖြူ၏ဦးလေးတော်စပ်သူ အိုက်စ်များနှင့် စက်လှေပိုင်ရှင် လှမောင်ကြီးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်၊ မြရတနာ(၈) လမ်း၊ အိမ်အမှတ်(၉၇/ခ)တွင် ထွန်းအောင် နှင့်အတူ နေထိုင်ကြောင်းသိရ၍ လှမောင်ကြီး၏ နေအိမ်အား အမှတ်(၄၁)မူးယစ်တပ်ဖွဲ့စု၊ ရန်ကုန် (အရှေ့ပိုင်း) တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာရှာဖွေရာ လှမောင်ကြီးအား ဖမ်းဆီးရမိခြင်းမရှိဘဲ နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားပြီး ၎င်းနှင့်အတူနေထိုင်သူ ထွန်းအောင်အား ဖမ်းဆီးရမိခဲ့ပြီး နေအိမ်အတွင်းရှိ လှမောင်ကြီး၏ အိပ်ခန်းမျက်နှာကျက်အမိုးပေါ်တွင် ဝှက်ထား သည့် SIG တံဆိပ်ပါ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမကျည် ၅ဝ တောင့်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့၊ စစ်ဆေးချက်အရ ၂ဝ၂၄ ခုနှစ်၊ မတ်လတွင် သားကြီး(ခ)ဇော်သိန်းနိုင် (စက်လှေ ပဲ့နင်း)၊ ရှိုင်းထက်အောင် (ခ)ဆန်နီ၊ လပြည့်အောင်၊ နောင်နောင်၊ လှမောင်ကြီးနှင့် ခင်မင်ရင်းနှီးသူ လူကြီး (အမည်မသိ၊ စိစစ်ဆဲ) နှင့် သန်းဌေး(ခ) အရှည်ကြီး တို့နှင့်အတူ ပထမအကြိမ် သယ်ဆောင် ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ မေလတွင် သားကြီး(ခ)ဇော်သိန်းနိုင် (စက်လှေပဲ့နင်း)၊ ရှိုင်းထက်အောင် (ခ)ဆန်နီ၊ လပြည့်အောင်၊ ရဲဝင်းနိုင်၊ ဌေးအောင်၊ လှမောင်ကြီးနှင့် ခင်မင်ရင်းနှီးသူ လူကြီး (အမည် မသိ၊ စိစစ်ဆဲ) နှင့် အမည်မသိ ရှမ်းအမျိုးသား တစ်ဦးတို့နှင့် ဒုတိယအကြိမ် သယ်ဆောင်ခဲ့ကြောင်း စစ်ဆေး သိရှိရသဖြင့် တရားခံ ဌေးအောင်၊ ရဲဝင်းနိုင်၊ ကျော်မြင့်နိုင်၊ စောဟန်၊ ဆိတ်ဖေ(ခ)ဆိတ်ဖြူ၊ သန်းဌေး(ခ) အရှည်ကြီး၊ လှမောင်ကြီး၊ သားကြီး(ခ)ဇော်သိန်းလှိုင်၊ ထွန်းအောင်၊ မင်းမျိုးထွန်း(ခ) ကိုမျိုး၊ အောင်ဆင့်ထွန်း(ခ) ကိုဆင့်(ခ)ကိုစိုင်း၊ ခွန်ရဲလင်းဦး(ခ) ထိန်လင်းအောင်(ခ) ရောဘတ်၊ လူကြီး(ခ)နေမြင့်ထွန်း (ဖမ်းမမိ)၊ ပိုင်ထွေး(ခ)ပိုင်ပိုင်ထွေး(ဖမ်းမမိ)၊ နေပိုင်လင်း(ခ) နေပိုင်(ခ) ပိုင်လင်း(ခ)ပိုင်သူ(ဖမ်းမမိ)၊ လပြည့်အောင် (ဖမ်းမမိ)၊ နောင်နောင် (ခ)နော်နော်(ဖမ်းမမိ) (ကိုယ်ရေး စိစစ်ဆဲ) တို့ ၁၇ ဦးအား အမာနယ်မြေရဲစခန်း မယ(ပ) ၁/၂ဝ၂၄၊ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၀(က)/ ၂၂(ခ)/၂၁ အရလည်းကောင်း၊ တရားခံ လှမောင်ကြီးနှင့် ထွန်းအောင်အား မမစ(မြောက်ဥက္ကလာပ) (ပ) ၃၅၈/ ၂၀၂၄၊ လက်နက်ဥပဒေပုဒ်မ ၂၄ အရ လည်းကောင်း အမှုဖွင့်အရေးယူးထားရှိခဲ့ကြောင်း၊ စစ်ဆေးပေါ် ပေါက်ချက်အရ အမှုမှ တရားခံ နေပိုင်လင်းသည် AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ ရေးတာဝန်ခံ၊ လူကြီး(ခ)နေမြင့်ထွန်းသည် AA သောင်းကျန်းသူ အဖွဲ့၏ ထောက်ပံ့ရေးဒုတာဝန်ခံ၊ ပိုင်ထွေး(ခ) ပိုင်ပိုင်ထွေးနှင့် နောင်နောင် (ခ)နော်နော် သည် AA သောင်းကျန်းသူအဖွဲ့၏ ထောက်ပံ့ ရေးအဖွဲ့ဝင်များဖြစ်ကြောင်း စစ်ဆေးသိရှိရပါသည်။
၁၂။ ၆-၃-၂ဝ၂၅ ရက်နေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄) ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ် (၅၄၆/၅၄၇)ရှိ ဂိုဒေါင် ပိုင်ရှင် ဟိန်းစည်သူနှင့် ဂိုဒေါင်စောင့် လှသန်းဦးတို့၏ ဂိုဒေါင်တွင် မူးယစ်ဆေးဝါးများ သိုလှောင်သယ်ဆောင်ရန် ဆောင်ရွက်နေကြောင်း အထက်ချပြသတင်းအရ ဝင်ရောက်ရှာဖွေရာ ဂိုဒေါင်အတွင်း သန့်ကောင်းထက် ၊ ရဲရင့်နိုင်နှင့် လှသန်းဦးတို့အားလည်းကောင်း၊ TOYOTA HILUX ယာဉ်၏ ယာဉ်မောင်းထိုင်ခုံတွင် သန်းလွင် အားလည်းကောင်း၊ TOYOTA LANDCRUISER ယာဉ်၏ ယာဉ်မောင်း ထိုင်ခုံတွင် ဝေယျာအောင်အားလည်းကောင်း တွေ့ရှိသဖြင့် ထိန်းသိမ်းပြီး ယာဉ် ၂ စီးအား အသေးစိတ်ရှာဖွေရာ TOYOTA HILUX ယာဉ်ပေါ်မှ အိုက်စ် ၇၀၀ ကီလို၊ TOYOTA LANDCRUISER ယာဉ်ပေါ်မှ အိုက်စ် ၅၀၀ ကီလို၊ စုစုပေါင်း အိုက်စ် ၁၂၀၀ ကီလို သိမ်းဆည်းရမိပြီး ဖော်ထုတ်ချက်အရ သာကေတမြို့နယ်၊ (၄)ရပ်ကွက်၊ ရှုခင်းသာလမ်းမကြီးပေါ်ရှိ UP TOWN HOTEL ရှေ့တွင် အကျိုးတူရောင်းချမည့်သူ ဟိန်းစည်သူ အား လည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၀၄)ရပ်ကွက်၊ မနော်ဟရီလမ်းထိပ်၊ လှော်ကားလမ်းမပေါ်တွင် ချိတ်ဆက် ရောင်းချမည့်သူ တင်လှ (ခ)သားကြီး အားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်ဖော် ထုတ်ချက်အရ ၆-၃-၂ဝ၂၅ ရက်နေ့တွင် မူးယစ်တပ်ဖွဲ့စု(၄၀)ရန်ကုန်(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီး၊ ဓမ္မာရုံ မှတ်တိုင်အနီးတွင် ကျော်ကျော်သိန်း မောင်းနှင်လာသည့် HYUNDAI BOX ယာဉ်အား စစ်ဆေး ရှာဖွေရာ ယာဉ်နောက်ခန်းအတွင်း မှ အိုက်စ်များ တွေ့ရှိသဖြင့် စစ်မေးရာ မျိုးမင်းစိုးမှ စေခိုင်းခြင်း ဖြစ်ကြောင်းနှင့် မျိုးမင်းစိုးမှာ ဓမ္မာရုံမှတ်တိုင်အနီး သုဓမ္မာလမ်းမကြီး တစ်ဘက်ခြမ်းတွင် BGO-11 6C-9857 CELSIOR ယာဉ် ပေါ်မှစောင့်ကြည့်နေကြောင်း သိရသဖြင့် သွားရောက်ရှာဖွေရာ မျိုးမင်းစိုး အား ဖမ်းဆီးရမိပြီး ၎င်းတို့ရှေ့၌ HYUNDAI BOX ယာဉ်အား အသေးစိတ်ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် ၁၂၆၅ ကီလို၊ ကက်တမင်း ၂၀၀ ကီလို သိမ်းဆည်းရမိပြီး စစ်ဆေးချက်အရ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ဆမားဒူးဝါး အပိုင်း(၄)ရပ်ကွက်၊ လှိုင်းဘုန်းရေဆိပ်၌ ဆိုက်ကပ်ထားသော “ရွှေကောင်းသာ” ရေယာဉ်ပေါ်တွင် သိန်းထွန်းနှင့် ရန်ရှင်းအောင်တို့ ၂ ဦးအားလည်းကောင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၂)ရပ်ကွက်၊ ဗိုလ်ဘစိုး(၆)လမ်း၊ အမှတ်(၄၅၆) နေအိမ်တွင် ပဲ့နင်းငယ် ဇော်ဇော်အောင် အားလည်းကောင်း၊ လွိုင်လင်မြို့အဝင် ဟိုတင့်ဂိတ်တွင် ပြည်ငြိမ်းဆန်း ခရီးသည်တင်ယာဉ်ပေါ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် စီစဉ်ကြီးကြပ်သူ မင်းမင်းစိုး အားဖမ်းဆီးရမိပြီး ၎င်းပိုင်ဆိုင် သည့် SURF ယာဉ်အား မင်္ဂလာဒုံမြို့နယ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း၊ မအူပင်မြို့နယ်၊ စခန်းကြီး ကျေးရွာတွင် ပဲ့နင်းကြီး ကျော်ဝေထွန်း အား လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ ၇-၃-၂ဝ၂၅ ရက်နေ့တွင် တရားခံ မျိုးမင်းစိုး၏ ဖော်ထုတ်ချက်အရ ၎င်းနေထိုင်သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၉)ရပ်ကွက်၊ ဒူးယားလမ်း၊ အမှတ်(၁၂၅၀)နေအိမ်တွင် အိုက်စ်များ ကျန်ရှိ နေသေးကြောင်းသိရ၍ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ အိုက်စ် ၁၀၀၀ ကီလို သိမ်းဆည်းရမိပြီး စစ်မေးရာ မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် သိုဝှက်ထားကြောင်း၊ အဆိုပါနေအိမ်၌ အိုက်စ်များ သိုဝှက်သိမ်းဆည်းရာတွင် မင်းမင်းစိုးနှင့် ကျော်ကျော်သိန်းတို့မှာ ပါဝင်သည်ဟု သိရှိရ ကြောင်း၊ အိုက် ၁၂၀၀ ကီလို သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ တရားခံ သန်းလွင်(ကျား)၊ ဝေယျာအောင်(ကျား)၊ သန့်ကောင်းဆက်(ကျား)၊ ရဲရင့်နိုင်(ကျား)၊ လှသန်းဦး(ခ)ရာကွတ်(ကျား)၊ ဟိန်းစည်သူ(ခ) ဇော်ဇော်အောင် (ခ)အောင်ကိုကို (ခ)ထင်လင်းပြည့်(ကျား)၊ တင်လှ(ခ) သားကြီး (ခ)စသစ်(ကျား)နှင့် တင်မောင်ဝင်း (ကျား)၊ (ဖမ်းမမိ)တို့ ၈ ဦးအား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မ ရဲစခန်း မယ(ပ)၂၀/၂၀၂၅၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ အိုက်စ် ၁၂၆၅ ကီလို၊ ကက်တမင်း ၂ဝဝ ကီ သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ တရားခံ ကျော်ကျော်သိန်း(ခ)ကျော်ကျော်(ခ) အသေးလေး (ကျား)၊ မျိုးမင်းစိုး(ခ) ကိုမျိုး(ကျား)၊ မင်းမင်းစိုး(ခ)မင်းမင်း(ကျား)၊ သိန်းထွန်း(ခ) သန့်ဇင်(ကျား)၊ ရန်ရှင်းအောင် (ခ)ရန်ရှင်း(ကျား)၊ ဇော်ဇော်အောင်(ကျား)၊ ကျော်ဝေထွန်း(ကျား)၊ ကျော်စိုးလင်း(ခ)ရဲဝင်း(ကျား)၊ သီတာမြင့်(မ) (ဖမ်းမမိ) တို့ ၉ ဦးအား ဝေဘာဂီနယ်မြေရဲစခန်း မယ(ပ)၉/၂၀၂၅၊ မူး/စိတ်ပုဒ် ၁၉(က)/၂၀(ခ)/၂၁ ဖြင့်လည်းကောင်း၊ အိုက်စ် ၁၀၀၀ ကီလို သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ တရားခံ မျိုးမင်းစိုး (ခ)ကိုမျိုး(ကျား)၊ မင်းမင်းစိုး(ခ)မင်းမင်း(ကျား)၊ ကျော်ကျော်သိန်း(ခ) ကျော်ကျော် (ခ)အသေးလေး(ကျား)၊ ကျော်စိုးလင်း (ခ)ရဲဝင်း(ကျား)(ဖမ်းမမိ) တို့ ၄ ဦးအား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်၊ မယ(ပ)၆/၂၀၂၅၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(ခ)/ ၂၁ ဖြင့်လည်းကောင်း အသီသီး အမှုဖွင့်အရေးယူထားရှိခဲ့ကြောင်း၊ စစ်ဆေးချက်အရ ကျော်စိုးလင်း (ခ) ရဲဝင်း သည် AA အကြမ်းဖက်အဖွဲ့မှ စီးပွားရေး တာဝန်ခံတစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။
၁၃။ ၁၅-၃-၂၀၂၅ ရက်နေ့တွင် X-Rayစက်(မြို့ကြီး) ရှောင်ကွင်းလမ်း တောင်တော်ကျေးရွာမှ ဆိုလာ စက်ရုံလမ်းအတိုင်း မြစ်သားမြို့နယ်၊ ပဒုမ္မာကျေးရွာဘက်သို့ ရဲနိုင်ဦး၊ အောင်ငွေမိုး၊ ထွန်းလှိုင်၊ ရှိုင်းကိုဇင်တို့ ၄ ဦးမောင်းနှင်လာသည့် ဆိုင်ကယ် ၄ စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ် ၄ စီး ပေါ်တွင်တင်ဆောင်လာသည့် ဆာလာအိတ် ၁၂ အိတ် အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၃.၉ သိန်း (ဒေသကာလတန်ဖိုးငွေကျပ် ၃.၅၈၅ ဘီလီယံ) သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးချက်အရ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်ကျေးရွာနှင့် လယ်ကြီးကျေးရွာကြား တောလမ်း မြောင်းဘောင်ဘေးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ လွမ်းဇော်(ခ)ကိုပ္ပားနှင့် နောင်သျှမ်းဝင်းတို့ ၂ ဦးအား ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၃ လုံးတို့နှင့်လည်းကောင်း၊ လယ်ကြီး ကျေးရွာ အဝင်လမ်းထိပ်တွင် ညီဝဏ္ဏနှင့် သိန်းလင်းကျော်တို့ ၂ ဦးအား KLUGER ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်လည်းကောင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် အမှတ် (၁၈/၄)တွင် အောင်ထွန်းလင်း(ခ)ညီညီနှင့် ဇော်နိုင်လင်းတို့ ၂ ဦးအား TOYOTA HIACE ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၃ လုံးတို့နှင့်လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာဈေးဝင်း၊ တို့ညီနောင်ကားဂိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများလက်ခံမည့် မျိုးမြင့်မောင်(ခ)မောင်မောင် နှင့် ထွေးမင်းခန့်(ခ)သားငယ်တို့ ၂ ဦးအား TOYOTA SPRINTER တက္ကစီယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၅)ရပ်ကွက်တွင် ကျော်ခိုင်(ခ) ကျော်နိုင် (ခ)ဖြူသီး အားလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာတွင် ဝင်းမင်းထက်(ခ)တားတစ် (ဖမ်းမမိ)၊ အိုက်စိုင်း(ခ)အိုက်စံ(ခ)စိုင်းနောင့်(ဖမ်းမမိ)၊ ညီစန်းအောင် (ဖမ်းမမိ) နှင့် စိန်မေ(ခ) မယမင်း(မ)(ဖမ်းမမိ)တို့ ပါဝင်ပတ်သက်လျက်ရှိကြောင်း စစ်ဆေးဖော် ထုတ်ရရှိခဲ့သဖြင့် ရဲနိုင်ဦး၊ အောင်ငွေမိုး၊ ထွန်းလှိုင်၊ ရှိုင်းကိုဇင်၊ လွမ်းဇော်(ခ)ကိုပွား၊ နောင်သျှမ်းဝင်း၊ ညီဝဏ္ဏ၊ သိန်းလင်းကျော်၊ အောင်ထွန်းလင်း(ခ)ညီညီ၊ ဇော်နိုင်လင်း၊ မျိုးမြင့်မောင်(ခ)မောင်မောင်၊ ထွေးမင်းခန့်(ခ)သားငယ်၊ ကျော်ခိုင်(ခ)ကျော်နိုင်(ခ)ဖြူသီး။ ဝင်းမင်းထက်(ခ)တားတစ်(ဖမ်းမမိ)၊ အိုက်စိုင်း(ခ)အိုက်စံ(ခ) စိုင်းနောင့်(ဖမ်းမမိ)၊ ညီစန်းအောင်(ဖမ်းမမိ)နှင့် စိန်မေ(ခ)မယမင်း(မ) (ဖမ်းမမိ)တို့ ၁၇ ဦးအပေါ် သံရွာနယ်မြေရဲစခန်း၊ မယ(ပ)၃/၂၀၂၅၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရအမှုဖွင့်အရေးယူထားရှိခဲ့ ကြောင်း၊ တရားခံ လွမ်းဇော်(ခ)ကိုပ္ပား ၏ ထွက်ဆိုချက်အရ ညီဝဏ္ဏ၊ သိန်းလင်းကျော်၊ တားတစ် (ခ)ဝင်းမင်းထက်တို့ ၃ ဦးမှ အပ်နှံပေးထားသော ပီနံအိတ် ၂၈ အိတ်ရှိပြီး ကျောက်ဆည်မြို့နယ်၊ တောင်တော်အုပ်စုတွင် ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား ပီနံအိတ် ၁၂ အိတ်ဖြစ်ကာ ပုံစံတူ ၁၆ အိတ်မှာ ၎င်းနေထိုင်သည့် ရွာငံမြို့နယ်၊ ခံပင်ကြီးစခန်းအနီး တောစပ် လျှိုမြောင်ထဲတွင် သိုဝှက်သိမ်းဆည်းထားရှိကြောင်း သိရှိရသဖြင့် အဆိုပါနေရာသို့ သွားရောက် ရှာဖွေရာ လျှိုအတွင်းမှ ဆာလာအိတ် ၁၆ အိတ်အား တွေ့ ရှိရပြီး ဖွင့်ဖောက်စစ်ဆေးရာ စုစုပေါင်း စိတ်ကြွဆေးပြား ၃၀.၉ သိန်းပြား သိမ်းဆည်းရမိပြီး စစ်ဆေးချက်အရ သိမ်းဆည်းရမိ စိတ်ကြွဆေး ပြားများမှာ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာတွင် နေထိုင်သည်ဟုသိရှိရသူ အိုက်စိုင်းမှ ရန်ကုန်မြို့နေ မောင်ကျော်ခိုင် ထံသို့ ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း၊ အမှတ်(၄၁)မူးယစ်တပ်ဖွဲ့စု၊ ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖမ်းဆီးရမိစိတ်ကြွဆေးပြားများအား ရန်ကုန်မြို့တွင် လက်ခံရယူမည့်သူ ကွင်းဆက်တရားခံ မောင်ကျော်ခိုင်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၂၅)ရပ်ကွက်၊ ပုလဲရတနာလမ်း၊ ပိဋကတ်သုံးပုံနိကယ် စာသင်တိုက်အတွင်းလည်းကောင်း၊ မောင်ကျော်ခိုင် စေလွှတ်လိုက်သည့် အောင်ထွန်းလင်း နှင့် ဇော်နိုင်လင်းတို့အား ရန်ကုန်-မန္တလေး အမြန်လမ်း၊ ၁၈ မိုင် ၄ ဖာလုံတွင် လည်းကောင်း၊ စိတ်ကြွဆေးပြားများအား လက်ခံမည့်သူ မျိုးမြင့်မောင်နှင့် ထွေးမင်းခန့်တို့ ၂ ဦးအား မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သုဓမ္မာလမ်း ပေါ်တွင် လည်းကောင်း စစ်ဆေးချက်အရ စိတ်ကြွဆေးပြားများအား စိန်မေ(မ) နှင့် ညီစန်းအောင် တို့ ၂ ဦးမှ သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တရားခံ လွမ်းဇော်(ခ) ကိုပွား (ကျား)၊ ညီဝဏ္ဏ(ကျား)၊ သိန်းလင်းကျော်(ကျား)၊ အောင်ထွန်းလင်း(ခ)ညီညီ(ကျား)၊ ဇော်နိုင်လင်း (ကျား)၊ မျိုးမြင့်မောင်(ခ) မောင်မောင်(ကျား)၊ ထွေးမင်းခန့်(ခ)သားငယ်(ကျား)၊ မောင်ကျော်ခိုင် (ခ) ကျော်မြင့်(ခ) ဏရူ(ခ) ဖြူသီး(ကျား)၊ ဝင်းမင်းထက်(ခ)တားတစ် (ကျား) (ဖမ်းမမိ)၊ အိုက်စိုင်း(ခ) အိုက်စံ(ခ) စိုင်းနောင့် (ကျား) (ဖမ်းမမိ)၊ ညီစန်းအောင်(ကျား)(ဖမ်းမမိ)၊ စိန်မေ(ခ)မယမင်း(မ) (ဖမ်းမမိ)တို့ ၁၂ ဦးအား ကျောက်ဆည်မြို့နယ်၊ သံရွာနယ်မြေရဲစခန်း မယ(ပ)၄/၂ဝ၂၅ ၊ မူး/စိတ် ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားရှိခဲ့ကြောင်း၊ တရားခံ အောင်သူရသည် ၂၀၂၄ ခုနှစ်၊ မတ်လ တွင် နိုင်လင်း မှ AA အကြမ်းဖက်အဖွဲ့အတွက် K pay ဖြင့် အလှူငွေကျပ် သိန်း ၆၀ လွှဲပေးခဲ့ရာ AA အဖွဲ့မှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းရရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။
၁၄။ ၂၆-၄-၂ဝ၂၅ ရက်နေ့တွင် တပ်မတော်(ရေ)မှ ဖျာပုံမြို့နယ်၏တောင်ဘက် ရေမိုင် ၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် “အားမာန်သစ်” စက်လှေပေါ်မှ ပဲ့နင်း သိန်းဇော် ပါ လှေသား ၄ ဦး နှင့်အတူ ပီနံအိတ် ၃၁ အိတ်ဖြင့်ထည့်လျက် အိုက်စ် ၆၁၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ၂၇-၄-၂ဝ၂၅ ရက်နေ့တွင် အိုက်စ်များတင်ဆောင်ပေးသူ ချစ်စန်းကို နှင့် အငယ်လေး(ခ)ဇော်ဦး တို့ ၂ ဦးအား ဖျာပုံမြို့တွင် ဖမ်းဆီးရမိခဲ့ပါသည်။ ၂၇-၄-၂ဝ၂၅ ရက်နေ့တွင် တပ်မတော်(ရေ)မှ မလိကျွန်း အနောက်မြောက်ဘက် ၅၇.၈ မိုင်ခန့်အကွာတွင် MV မာကျူရီရေယာဉ်ပေါ်မှ ကျားတရားခံ ၁၂ ဦး နှင့်အတူ အိုက်စ် ၃.၄၉၈ တန်၊ အိုက်စ်အရည် ၁ လီတာခန့်၊ ကက်တမင်း ၂ တန်နှင့် ဆက်စပ်ပစ္စည်း များဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၃-၅-၂၀၂၅ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရပ်ကွက်တွင် ကက်တမင်း ၁ တန် သိမ်းဆည်းရမိခဲ့သဖြင့် တရားခံ နေပိုင်လင်း(ခ) အောင်နိုင်ကြွယ်(ကျား)၊ ကျော်မင်းသန်း(ခ)မောင်လုံး(ကျား)၊ ဝင်းခိုင်(ခ)အောင်မိုး(ကျား)၊ ပြည်စုံ (ခ) နွားကြီး(ကျား)၊ ပိုင်ပိုင်ထွေး(ခ)အောင်နိုင်သူ (ကျား)၊ နော်နော်(ကျား)၊ ဦးကိုကိုဦး(ကျား)၊ ကောင်းမြတ်သူ (ကျား)၊ နေမြင့်ထွန်း(ခ)ပြည့်စုံ(ခ) လူကြီး(ကျား)၊ ချစ်ဆန်းကို(ကျား)၊ မြင့်နိုင်ဦး (ခ) အငယ်လေး (ကျား)၊ ဇော်ဦး(ခ)အငယ်ဘေး(ခ) ကိုငယ်လေး(ကျား)၊ ရန်နိုင်(ကျား)၊ သက်ဦး (ကျား)၊ သိန်းဇော်(ကျား)၊ သိန်းဇော်(ကျား)၊ အောင်မြင့်(ကျား)၊ ဆန်းလွင်(ကျား)၊ အောင်သူထိုက် (ကျား)၊ စစိန်ငွေသိန်း(ကျား)၊ ခန့်ဇင်သန့်(ကျား)၊ ဖြိုးသူဝင်း(ကျား)၊ ဥက္ကာမင်းမောင်(ကျား)၊ သက်ပိုင်ဦး(ကျား)၊ မင်းခန့်ကျော်(ကျား)၊ ဇော်လင်း(ကျား)၊ ကျော်သူနိုင်(ကျား)၊ အောင်သူ (ကျား)၊ တင်ဌေး (ကျား) တို့ ၂၉ ဦးအား လှိုင်သာယာအရှေ့ပိုင်းမြို့မရဲစခန်း မယ(ပ) ၁၇/၂ဝ၂၅ ၊ မူး/စိတ် ပုဒ်မ ၂၀(ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ထားရှိပါသည်။ မလေးရှားပင်လယ်ပြင်သို့ သယ်ဆောင်မည့် စုစုပေါင်းငွေကျပ် ၂၀၀,၃၂၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ် ၄,၁၁၃ တန်၊ အိုက်စ်အရည် ၁ လီတာခန့်နှင့် ကက်ဗာမင်း ၂ တန် ဖမ်းဆီးရမိမှုဖြစ်ပါသည်။ (အမှုမှ တရားခံ နေပိုင်လင်းသည် AA သောင်းကျန်း သူအဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံ၊ လူကြီး(ခ)နေမြင့်ထွန်းသည် AA သောင်းကျန်းသူအဖွဲ့၏ ထောက်ပံ့ရေး ဒုတာဝန်ခံ၊ ပိုင်ထွေး(ခ) ပိုင်ပိုင်ထွေးနှင့် နောင်နောင် (ခ) နော်နော် သည် AA သောင်းကျန်းသူအဖွဲ့၏ ထောက်ပံ့ရေး အဖွဲ့ဝင်များဖြစ်ကြောင်း စစ်ဆေးသိရှိရပါသည်။
၁၅။ ၅-၈-၂ဝ၂၅ ရက် နံနက် ၆ နာရီခွဲတွင် ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမကြီးနှင့် ငါးကန်လမ်းထောင့်တွင် အောင်လင်းမောင်းနှင်လာသည့် CANTER BOX ယာဉ်နှင့် သောင်းထွန်း မောင်းနှင်လာသည့် SUBARU STELLA ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေစစ်ဆေးခဲ့စဉ် စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၄၀ အား ဖမ်းဆီးရမိခဲ့ပါသည်။ တရားခံများ၏ စစ်ဆေးဖော်ထုတ် ချက်များနှင့် ကွင်းဆက်ဖော်ထုတ်ချက်များအရ ည ၇ နာရီခွဲအချိန်တွင် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများကို တာဝန်ခံသယ်ဆောင်ခိုင်းသူ ထွန်းသိန်းအား ရွှေပြည်သာမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ ဂိုဒေါင်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ သိန်း၊ TOYOTA RUSH ယာဉ်တစ်စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိ ခဲ့သဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၂၁ ဒသမ ၈ ဘီလီယံ) အား ဖမ်းဆီးရမိခဲ့ပါသည်။ ည ၉ နာရီခွဲအချိန်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ် ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ များဖြစ်သည့် မောင်သိန်းချေနှင့် ကျော်စွာဝင်း (မှော်ဘီ) တို့အား မှော်ဘီမြို့နယ် နှောကုန်းကျေးရွာရှိ နေအိမ်၌ PORTER II မော်တော်ယာဉ်၊ ISUZU MAX မော်တော်ယာဉ်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။ ဩဂုတ်လ ၁၀ ရက်တွင် စိတ်ပြောင်း ဆေးဝါးများအား မလေးရှားရေပိုင်နက်နှင့် ရခိုင်ပြည်နယ်တို့သို့ တာဝန်ခံသယ်ဆောင်ပေးသူ ကျော်စွာဝင်း (ကွမ်းခြံကုန်း) နှင့် ပူးပေါင်းပါဝင်သူ စိုးပိုင်ဝင်းတို့ကို ထားဝယ်မြို့တွင် TOYOTA SUCCEED မော်တော်ယာဉ်နှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ပါသည်။ ဩဂုတ်လ ၁၁ ရက်တွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ညီညီစိုးခန့်အား ကွမ်းခြံကုန်း မြို့နယ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ကွမ်းခြံ ကုန်းမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ ပုစွန်ကန်အနီးတွင် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်ရန်အတွက် ကျော်စွာဝင်း (ကွမ်းခြံကုန်း) မှ သိုဝှက်ထားရှိသည့် စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁,၈၉၉ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၉၄ ဒသမ ၉၅ ဘီလီယံ) ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။ ဩဂုတ်လ ၁၃ ရက်တွင် ကျော်စွာဝင်း (ကွမ်းခြံ ကုန်း) မှ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုရန်စီစဉ်ထားသည့် “အောင်စိုးလင်း” အမည်ပါ စက်လှေအား ထိန်းသိမ်းထားသူ ကျော်စိုးခိုင်နှင့်အတူ မြိတ်မြို့၊ မြိတ်မြို့တောင်ကျေးရွာ နန်းသူဇာတံတားအနီးတွင်လည်းကောင်း၊ ကံကောင်း (ဖမ်းဆီးရန်ကျန်) မှ ဝယ်ယူပေးထားသည့် “ငွေကသစ်”နှင့် “ဆုမြတ်နိုင်” အမည်ပါ စက်လှေနှစ်စင်းနှင့် ငါးဖမ်းစက်လှေ တစ်စင်းတို့အား ဒေးဒရဲမြို့ နိဗ္ဗာန်ကွင်းရပ်ကွက် တိုးမြစ်ကမ်းဘေးရှိ လွန်းကျင်း၌လည်းကောင်း၊ “အောင်မြတ်ပိုင်” အမည်ပါ စက်လှေနှင့် ပဲ့ထောင်စက်လှေ တစ်စင်းတို့အား ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်း ကျေးရွာ၌လည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့ပါသည်။ ဩဂုတ်လ ၁၄ ရက်တွင် ကျော်စွာဝင်း (ကွမ်းခြံကုန်း)၏ ဖော်ထုတ်ချက်အရ မလေးရှား ရေပိုင်နက်သို့ သယ်ဆောင်မည့် အိုက်စ် (မက်သ် အဖက်တမင်း) များအား ကွမ်းခြံကုန်းမြို့နယ်၊ အောင်ဇေယျကျေးရွာ၊ လက်ခုပ်ကုန်းကျေးရွာနှင့် လက်ခုပ်ကုန်း-ဆယ်အိမ်ကုန်းရွာ သွားလမ်း တို့တွင် နေရာသုံးခုခွဲ၍ မြေမြှုပ်သိုဝှက်ထားကြောင်း သိရှိရသဖြင့် ၎င်းနှင့်အတူ မြေမြှုပ်သိုဝှက်ထားရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကွမ်းခြံကုန်းမြို့နယ် ဝက်ကိုက်ကျေးရွာနေ အောင်ကျော် (ခ) အောင်ကျော်စိုး၊ ရာကျော် (ခ) ကိုရှိုင်းနှင့် ကျော်စိန်အောင် (ခ) ကျော်ကြီး တို့အား ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့လိုက်လံပြသသည့်နေရာများမှ အိုက်စ် (မက်သ်အဖက်တမင်း) ၅,၆၁၄ ဒသမ ၂ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁၄၀ ဒသမ ၃၅၅ ဘီလီယံ) ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။ ဩဂုတ်လ ၁၅ ရက်တွင် မလေးရှားရေပိုင်နက်သို့တင်ပို့မည့် အိုက်စ် (မက်သ်အဖက်တမင်း) များကို ကျော်စွာဝင်း (ကွမ်းခြံကုန်း)ထံ အပ်နှံထားခဲ့သူ မင်းချစ်အောင်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ဖမ်းဆီးရမိခဲ့။ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရခိုင်ပြည် နယ်နှင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ရာတွင် အဓိကစီမံခန့်ခွဲသူမှာ ကျေးသီးမြို့နယ် ဝမ်ဟိုင်း ကျေးရွာနေ စိုင်းစု (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ၎င်း၏အစီအမံဖြင့် လှသောင်း (ဖမ်းဆီးရန်ကျန်) နှင့် စိုင်းရီ (ဖမ်းဆီးရန်ကျန်)တို့က စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်မြို့တွင် ခေတ္တသိုလှောင် ခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်မှတစ်ဆင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သယ်ဆောင်ရန် တာဝန်ခံ ဆောင်ရွက်သူမှာ ထွန်းသိန်းဖြစ်ကြောင်း။ ရန်ကုန်မှ ရခိုင်ပြည်နယ်၊ မြေပုံမြို့သို့ တာဝန်ခံသယ် ဆောင်သူမှာ ဝင်းဇော်သိန်း (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သယ်ဆောင်သူမှာ ဝင်းခိုင် (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရှိရပြီး ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ ဝင်းခိုင်ထံသို့ စိတ်ကြွရူးသွပ်ဆေးပြားများ ရောက်ရှိပါက ဝမ်ဟိုင်းကျေးရွာတွင် အခြေပြုနေသူ AA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့မှ ၎င်းတို့အဆင့် ဗိုလ်မှူး အဆင့်ရှိ ကိုရေး (အကောက်ခွန်မှူး) (ဖမ်းဆီးရန်ကျန်) ထံ ရခိုင်ပြည်နယ်သို့ ဖြတ်သန်းခအဖြစ် စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ လျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် အခွန်ပေးဆောင်ရသည်ဟု သိရှိရကြောင်း။ ရန်ကုန်မြို့မှတစ်ဆင့် မလေး ရှားရေပိုင်နက်သို့ ပင်လယ်ရေကြောင်းဖြင့် တင်ပို့မည့် သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များအား ပို့ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ ကံကောင်း(ဖမ်းဆီး ရန်ကျန်)ဖြစ်ပြီး ၎င်း၏စေခိုင်းချက် အရ မင်းချစ်အောင်မှ ကျော်စွာဝင်း(ကွမ်းခြံကုန်း)ထံ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များကို သုံးကြိမ်ခွဲ၍ အပ်နှံခဲ့ကြောင်း။ ကျော်စွာဝင်း (ကွမ်းခြံကုန်း)သည် ကြည်ဖြူ (ခ) ကျော်ဝင်း ဌေး၏ အစီအမံဖြင့် မလေးရှားရေပိုင်နက်သို့ မူးယစ်ဆေးဝါးများအား ကံကောင်း (ဖမ်းဆီးရန်ကျန်) ဝယ်ယူပေးထားသည့် စက်လှေများဖြင့် ပဲ့နင်းချစ်ကို(ဖမ်းဆီးရန်ကျန်)နှင့် ကိုလတ်(ဖမ်းဆီးရန်ကျန်) တို့က ရန်ကုန်မှ ပင်လယ်ဝသို့ သုံးကြိမ်၊ ကော့သောင်းမှ မလက္ကာရေလက်ကြားသို့ လေးကြိမ်ပို့ ဆောင်ခဲ့ကြောင်း။ ကြည်ဖြူ (ခ) ကျော်ဝင်းဌေးမှာလည်း ကော့သောင်းမြို့တွင် အိုက်စ် (မက်သ် အဖက်တမင်း) ၁ ဒသမ ၂၉ တန်၊ ကက်တမင်း ၁ ဒသမ ၈၇ တန်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်း ဖမ်းဆီး ရမိမှုတို့ဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခံထား ရသူဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ၁၃ ဦး၊ ဖမ်းဆီးရန်ကျန် တရားခံ ၉ ဦးတို့နှင့်အတူ ငွေကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း၊ အိုက်စ် (မက်သ်အဖက် တမင်း) ၅,၆၁၄ ဒသမ ၂ ကီလို၊ ကက်တမင်း ၁,၈၉၉ ကီလိုတို့အား ဖမ်းဆီးရမိခဲ့။


