သြဂုတ် ၂၉ သောကြာနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-လူဦးရေသန်း ၃၀ ရှိပြီး တရက်ရေနံစည် ၃ သန်းထုတ်နိုင်သော ဗင်နီဇွဲလား နိုင်ငံ သမ္မတ နိကိုလပ်မာဒူရိုအား မူးယစ် ရာဇာများနှင့်အဆက်အသွယ်ရှိသည်ဆိုကာ ဖမ်းပို့နိုင်သူအား ကန် က ဆုငွေ ဒေါ်လာသန်း ၅၀ ပေးမည်ဟုကြေငြာခဲ့ပြီး နူ ရေငုတ်သဘေင်္ာ ၁ စီးအပါအဝင် ရေတပ် ရေယဥ် ၃ စီး နှင့် စစ်သည် ၄၀၀၀ အား ကာရစ်ဗီယန်ပင်လယ်သို့စေလွှတ်ခဲ့သည် ၊ ဗင်နီဇွဲလားကလည်း အရန်တပ်သား ၄.၅ သန်း ကို ဆင့်ခေါ်လိုက်သည်။

-တရုတ်စစ်ရေးပြအခန်းအနားသို့ ပူတင် ၊ ကင်ဂျုံအန်း အပါအဝင် မြန်မာအကြီးအကဲနှင့် ၂၆ နိုင်ငံမှခေါင်းဆောင်များတက်မည်ဖြစ်ပြီး သမ္မတ ရှီ နှင့် တပ်ချုပ်တို့ သီးခြားတွေ့ဆုံမည်။

-ဒွန်းညှက် မှတဆင့် အရေးပါသော ဒီနီပရိုပက်ထရော့ ဒေသအထိ ရုရှားတပ်များ ထိုးဖောက်ဝင်ရောက်လာပြီး ယူကရိန်းတပ်များ အပြင်းအထန်ခုခံနေရသည်။

ပြည်တွင်းထူးခြားသတင်းမှာ –

-ကရင် မွန် ပဲခူး နယ်မြေရှိ PDF ပေါင်းစုံကိုစုစည်း၍ အထူးတိုင်းစစ်ဌာနချုပ်ဖွဲ့စည်းကြောင်း နှင့် စစ်ရေးအရှိန်မြှင့်မည်ဟု ပြည်ပ အခြေစိုက် NUG ခေါင်းဆောင်များကပြောသည်။

-ရေတာရှည် အရှေ့ခြမ်း တိုက်ပွဲတွင် သေသွားသော PDF ခေါင်းဆောင် စိုးကြီး ၏ အသုဘ ချနေစဥ် စက်တပ်လေထီးဖြင့် ၆ ကြိမ် ဗုံးကြဲရာ မသာလိုက်ပို့သူ PDF နောက်ထပ် ၈ ဦးသေ ၄ ဦးဒဏ်ရာပြင်းထန်သည်။

-ကွတ်ခိုင် နှင့် နမ့်ဖတ်ကာ တွင် မြန်မာနိုင်ငံတော်အလံ နှင့် ကိုးကန့်အလံ ပူးတွဲထောင်ထားသည်။

-ကမ္ဘောဒီးယား အာဏာရပါတီ CCP ၏ဖိတ်ကြားချက်အရ USDP နှင့်ပူးပေါင်းဆောင်ရွက်ရန် ဥက္ကဌ ဦးခင်ရီ ဖနွမ်းပင် တွင် ဝန်ကြီးချုပ် ဟွန်မာနက် နှင့်တွေ့ဆုံသည်။

-မန္တလေးတိုင်း အယ်လ်ဖာ ဘိလပ်မြေစက်ရုံ တပ်ကပြန်သိမ်းပြီး အောင်မြေချဲ့နေသည်။

-လက်နက်များနှင့်အတူ ပုန်းအောင်းနေသော လူသတ်ဗုံးခွဲ အကြမ်းဖက်သမား ဂျင်မီ နှင့် ဇေယျာသော် တို့ကို ဖမ်းမိစေရန် မြန်မာအစိုးရအား နေရာပြဒေတာအချက်အလက်များ ပေးခဲ့သည်ဟုဆိုပြီး တယ်လီနော အား နော်ဝေတွင် JFM ကတရားစွဲသည်။

-မြဝတီ တွင် BGF နှင့်နီးစပ်သူ အနှိပ်ခန်း ပိုင်ရှင် လင်မယား နှင့် ၎င်းတို့၏ ၂ နှစ်အရွယ်ကလေးငယ်တို့ကို လက်နက်ကိုင်လူ ၁ ဦးက ပစ်သတ်ထွက်ပြေးလွတ်မြောက်သည်။

-KNU နှင့် ၎င်းလက်အောက်ခံအဖွဲ့ဝင်များ အဖွဲ့ခွဲများအား ပုဒ်မ ၁၅ ပုဒ်မခွဲ ၂ အရ မတရားသင်းအဖြစ်ကြေငြာလိုက်ပြီး အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်လိုက်သည်။

-ရွေးကောက်ပွဲကိုဆန့်ကျင်နေသော KIA KNU AA KNPP NUG/NLD တို့သည် တပ်မတော်အစိုးရ ဆက်အုပ်ချုပ်ရန် သွယ်ဝိုက် ထောက်ခံနေခြင်းဖြစ်ကြောင်း PNLO ဥက္ကဌ ခွန်ဥက္ကာ က ပြောလိုက်ပြီး ရွေးကောက်ပွဲကိုလက်မခံခြင်းသည် ဒီမိုကရေစီကို လက်မခံခြင်းဖြစ်သည်ဟု PPP ဥက္ကဌ သက်သက်ခိုင်ကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *