(ပြည်ပ ထူးခြားသတင်းများ)
-အမေရိကန်သမ္မတ က အခွန်တိုးရေးအစီအစဥ်သစ်အဖြစ် တစ်ကမ္ဘာလုံး၏ သွင်းကုန် မှ ၁၀% ၊ EU ၂၀% ၊ ဂျပန် ၂၄% ၊ မြန်မာ ၄၄% ၊ ဗီယက်နမ် ၄၇% ၊ ကေမ္ဘာဒီးယား ၄၉% တိုးကောက်မည်ဟုကြေငြာသည် ။
ထို့ကြောင့် ကမ္ဘာ့ရွှေစျေးခုန်တက်ပြီး စတော့ရှယ်ယာစျေးများကမောက်ကမဖြစ်သွားသည် ၊ သြစတေးလျ က မိတ်ဆွေလုပ်ရပ်မဟုတ်ဟု ဆိုလိုက်ပြီး လက်တုန့်ပြန်မည်ပြောသည် ၊ လက်တုန့်ပြန်က အခွန်ပိုတိုးမည်ဟု အမေရိကန်က ထပ်ပြောသည် ။
(ပြည်တွင်း ထူးခြားသတင်းများ)
-NDF ၊ KPP ကရင်ပြည်သူ့ပါတီ ၊ တိုင်းလိုင် ရှမ်းနီပါတီ ၊ နာဂ ပါတီ ၊ ကချင်ပြည်သူ့ပါတီ စသည့် ၅ ပါတီက မြန်မာ့ငလျင်ဘေး၌သုံးရန် ဒေါ်စုအပ်ထားသော ဒေါ်လာ တစ်ဘီလျံ ကိုပြန်ပေးရန် အမေရိကန်ကိုတောင်းဆိုလိုက်သည် ။
-အမရပူရ ငလျင် နှစ် ၁၀၀ ကျော် ဗလီ ၃ လုံးပြိုကျမှု့ မွတ်ဆလင် ၁၂၅ ဦးသေဆုံးခဲ့သည်။
-TNLA ထိန်းချုပ်ရာဒေသ၌ ဖုန်းလုံးဝ မကိုင်ရအမိန့်ထုတ်ထားပြီး တွေ့ရှိက ဒဏ်ငွေ ၁၀ သိန်း + ထောင် ၃ နှစ်ဟု ဆိုသည် ။
-ညောင်ကျိုးတပ်စခန်း AA မှ အင်အားထောင်ချီသုံးတိုက်၍ ခတ္တဆုတ်ပေး ဗုံးကြဲ ပြန်ရကြောင်း သိရသည် ။
-ကျောက်ဆည်မြို့ရွှေသာလျောင်းတောင်ပေါ်ရှိ ရွှေငွေများရှိသည်ဟု ဘုရားသမိုင်း၌ဖော်ပြခံရသော ကျောက်သေတ္တာ စေတီ ကျောက်တုံးကြီး ငလျင်ကြောင့် ပြုတ်ကျရန် ၉၀% အခြေအနေရှိ၍ တောင်ခြေရပ်ကွက်ရှိပြည်သူများကို ဖယ်ရှားထားသည် ၊ မိုင်းဖြင့် ဖောက်ခွဲရှင်းလင်းရန် လေ့လာနေသည်ဟုဆိုသည် ။
-ငလျင် လှုပ်ပြီး ၆ ရက်မြောက်နေ့ တွင် နေပြည်တော်မှ ၁ ဦး ၊ မန္တလေး မှ ၁ ဦး ၊ စစ်ကိုင်းမှ ၁ ဦး တို့ကိုအသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့သည် ။
