သြဂုတ် ၂၇ ဗုဒ္ဓဟူးနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းမှာ –

-ဂါဇာရှိ ဆေးရုံတစ်ရုံ အစ္စရေးဗုံးကြဲပြီး အပျက်အဆီးသတင်းလာယူသော သတင်းထောက်များရောက်ရှိစဥ် နောက်ထပ်ဗုံးထိမှန်၍ သတင်းထောက် ၅ ဦးအပါအဝင် ၂၀ ဦးသေသည်။

-ဒေါ်လာ ၇.၆ ဘီလျံတန် ရုရှား MIG ပုံ ပြောင်းမျိုးဆက်သစ် ပြည်တွင်းထုတ်ဂျက်တိုက်လေယာဥ်ဝယ်ယူရန် အိန္ဒိယအစိုးရနှင့် ဟိန္ဒူစတန် အေရိုးနစ် ကုမ္ပဏီ တို့စာချုပ်ချုပ်သည်။

-အိမ်ဖြူတော်ရောက် တောင်ကိုးရီးယားသမ္မတ လီဂျေးမြောင် က ခရီးသည်တင် ဘိုရင်း လေယာဥ်အစီး ၁၃၀ ဝယ်ယူမည်ဖြစ်ပြီး သမ္မတထရန့် အား ဂေါက်ပစ္စည်းအချို့လက်ဆောင်ပေးခဲ့ရာ မြောက်ကိုးရီးယား ၌ ဂေါက်သွားရိုက်ရအောင်ဟု ပြောဆိုခဲ့ကြသည်။

-ယီမင် ရှိ ဟူသီ နန်းတော်နှင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ အစ္စရေးဗုံးကြဲရာ လူ ၉၀ ကျော်သေသည်။

-ဗီယက်နမ် သို့ ဝင်ရောက်ခဲ့သော ကာဂျီကီ မုန်တိုင်းမလာမှီ ဘေးလွတ်ရာသို့ လူ ၆ သိန်းရွှေ့ပြောင်းနိုင်ခဲ့၍ နေအိမ် ၇၀၀၀ ပျက်ဆီးခဲ့သော်လည်း ၃ ဦးသာသေပြီး ၁၀ ဦးဒဏ်ရာရကာ စပါးဟက်တာ ၂၈၈၀၀ ရေမြုပ်သည်။

ပြည်တွင်းထူးခြားသတင်းများ

-တောင်ကြီးမြို့မှ နေသွေးဆိုသူသည် Lahso Baegyi ဖေ့ဘုတ်အကောင့်မှနေ၍ ရွေးကောက်ပွဲပျက်ပြားစေလိုသောပို့စ်တင်ခဲ့သဖြင့် ပုဒ်မ ၂၃ – က ဖြင့် စတင်အရေးယူခံရသည်။

-ခင်ဦးမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူ ၃၁ ဦးခိုလှုံနေသော ကြံ့ခိုင်ရေးရုံးပေါ်သို့ PDF တို့ ဒရုန်းဖြင့် ဗုံး ၂ လုံးကြဲချပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှု့မရှိခဲ့ပါ ။

-မိုးကုတ်မြို့ အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက် ဂေါ်ရခါးဘုရားရှေ့မြေကွက်လပ်၌စုဝေးနေသော ပလောင်သူပုန်များ နှင့် မြောက်ဦးမြို့ ဒိုင်းကျည်စု ရပ် စိုက်ပျိုးရေးဂိုဒေါင်ရှိ AA စခန်း ဗုံးကြဲခံရရာ သူပုန်တို့အသေအပျောက်များခဲ့သည်။

-ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်း ၉ နေရာတွင် AA သူပုန် ထွန်းမြတ်နိုင်နှင့် ညိုထွန်းအောင်တို့၏ပုံများကိုင်ဆောင်ပြီး ဆန္ဒပြကန့်ကွက်မှု့များဖြစ်ပေါ်ခဲ့သည်။

-အင်မထီး ပြည်သူ့စစ် နှင့် တပ်မတော် ပူးပေါင်းအဖွဲ့သည် ၆ ရက်အတွင်း ပုလဲနယ် မင်းတိုင်ပင် မှထွက်၍ လက်ပုကန် ၊ ကြောင်ပန်း ၊ မြကုန်းရွာများရှိ PDF စခန်း ၃ ခုကို ဆက်တိုက်သိမ်းယူခဲ့သည်။

သပိတ်ကျင်း ဖရောင်းတောင် ရွှေလုပ်ကွက် တပ်မတော်မှပြန်သိမ်းယူနိုင်ခဲ့ပြီးနယ်မြေချဲ့ထွင်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *