အင်အားဖြည့်တပ်တွေ၊ လက်နက်/ခဲယမ်း/ရိက္ခာတွေကို သယ်ဆောင်လာတဲ့ စစ်သင်္ဘောမြောက်မြားစွာ ဗန်းမော်ကို ရောက်ရှိခဲ့ပါပြီ။
ဗန်းမော်မှာ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်တွေအတွက် စိတ်ဓာတ်တက်ကြွစေပြီး အကြမ်းဖက် KIA သူပုန်တွေကို ရှင်းလင်းသုတ်သင်စစ်ဆင်ရေးကြီး အရှိန်မြှင့် လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဗန်းမော်မြိုနယ်ထဲမှာ နေရာအနှံ တိုက်ပွဲများ ပြင်းထန်လျက်ရှိပါတယ်။
လက်ရှိအနေအထားကတော့ ကစဉ့်ကလျားထွက်ပြေးနေတဲ့ KIA တွေရဲ့ လမ်းကြောင်းကို Surveillance Drone တွေနဲ့ ကင်းထောက်ပြီး မောင်းသူမဲ့ UAV တွေနဲ့ချေမှုန်းနေလို KIA သူပုန်တွေ အထိနာလျက်ရှိပါတယ်။
ညအချိန် ဆုတ်ခွာတဲ့သူပုန်တွေကိုလည်း Night Vision Drone တွေနဲ့ အပြင်းအထန် တိုက်ခိုက်ချေမှုန်းနေသလို လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေလည်း ထိရောက်တဲ့အတွက် KIA/KPDF/AA သူပုန်တွေ တုန်လှုပ်ခြောက်ခြားပြီး ဆုတ်ခွာခွင့် တောင်းနေကြပါပြီ။
မကြာခင် ဗန်းမော်မြိုသတင်းကောင်းတွေ ထပ်မံကြားသိရမည်ဖြစ်ကြောင်း ကြိုတင်သတင်းကောင်း ပါးအပ်ပါတယ်။
