ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ထိုင်းရဲတပ်ဖွဲ့က အွန်လိုင်းမှခေါ်ဆို၍ လိမ်လည်မှုပြုလုပ်နေသော တရုတ်လူမျိုး ကျားဖြန့်ဂိုဏ်းဝင် ၁၈ ဦးအား ဇူလိုင်လ ၃၁ ရက်ကပြုလုပ်ခဲ့သော စစ်ဆင်ရေးတစ်ရပ်၌ မယ်ရင်ခရိုင်ရှိ ဘတ်သန်း ၄၀ ကျော် တန်သော ဇိမ်ခံအိမ်တစ်လုံးတွင် ဖမ်းဆီးမိခဲ့ကြာင်းသိရပြီး အဆောက်အအုံ ဒုတိယထပ်မှ လွတ်မြောက်ရန် ခုန်ချသူရှစ်ဦးကိုလည်း ဒဏ်ရာများနှင့်ဖမ်းမိခဲ့ကြောင်း သိရသည်။ #crd


