ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြု အသက်ဝင်ပြီးနောက် စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ်ရောက်သူများ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်နေစဉ် တပ်မတော်အရာရှိကြီးများရဲ့ သားများ တိမ်းရှောင်နေသည်ဟု လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုများဖြင့် တပ်မတော်နှင့် ပြည်သူကို သွေးခွဲနေကြတာလည်း တွေ့ရပါတယ်။
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာများ၏ လုပ်ကြံဖန်တီး ရေးသားမှုများကို နားယောင်ပြီး အချိုလူငယ်များသည် စစ်မှုထမ်းဆောင်ရမည့် တာဝန်ကို တိမ်းရှောင်ရန် နယ်စပ်ဒေသများမှတဆင့် ပြည်ပနိုင်ငံများသို ထွက်ပြေးတိမ်းရှောင်သွားကြသည်များလည်း ရှိပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့မှာ သင်တန်းဆင်းတဲ့ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁၃ ) သင်တန်းမှာတော့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ သား ပါဝင်တက်ရောက်ခဲ့ပြီး သင်တန်းမှာလည်း ထူးချွန်စွာအောင်မြင်ခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ကိုယ်တိုင်တက်ရောက်အားပေးခဲ့ကြောင်း သိရပါတယ်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ လက်ရှိအချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် တွင် အတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်လျက်ရှိပါတယ်။



