ဇူလိုင်လ ၂၉ ရက် ယနေ့မနက်ပိုင်း မိုးကုတ်မြို့ မင်းတံတားရပ်ကွက်မှာရှိတဲ့ TNLA အဖွဲ့ခိုအောင်းနေတဲ့ RUBY Wall KTV နဲ့ BOC ကားကြီးကွင်းအနီး ရွှေဘုံသာရပ်ကွက်ဝန်းကျင်တို့ကို တပ်မတော်ကလေကြောင်း တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။
အကြမ်းဖက် TNLA ရဲ့ ထုတ်ပြန်ချက်မှာတော့ တပ်မတော်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး ပေါင် ၂၅၀ ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ဒေသခံပြည်သူတွေကတော့ ပေါက်ကွဲသံ ၇ ကြိမ်အထိ ကြားခဲ့ရတယ်လို့ သိရပါတယ်။ #crd



