ဇူလိုင် ၂၅ ရက်မနက် ကမ္ဘောဒီးယားနယ်စပ် ဆာရင်ခရိုင်ရှိ တကွိုင်ဘုရားကျောင်းအနီး တိုက်ပွဲတွင် ထိုင်းအမှတ် (၂) တပ်မဟာမှ ပထမတန်းတပ်ကြပ်အဆင့် စစ်သည် ၃ ဦး ကျဆုံးကြောင်း ထိုင်းမီဒီယာများက အတည်ပြုကြေညာ ခဲ့သည်။
ယနေ့မနက်တိုက်ပွဲ၌ ကမ္ဘောဒီးယားဘက်မှ BM-21 ရော့ကက်လောင်ချာများဖြင့် အရပ်သားပစ်မှတ် များ၊ စာသင်ကျောင်းနှင့် ဘုရားကျောင်းများပါမချန် ပစ်ခတ်နေသဖြင့် ထိုင်းစစ်သည် ၃ ဦးကျဆုံးခြင်း ဖြစ်ကာ ပထမတန်းတပ်ကြပ်ကြီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းမီဒီယာ Khaood မှ ဖော်ပြ သွားခဲ့သည်။
