ရန်ကုန်မြစ်ဝ ရေကြောင်းပြစခန်းမှ ရေမိုင် ၇ မိုင်အကွာ ပင်လယ်ပြင်အတွင်း ဇူလိုင်လ ၁၈ ရက်က နစ်မြုပ်မှုဖြစ်ပေါ်ခဲ့သည့် ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောတစ်စီးကို တပ်မတော်(ရေ)နှင့် နစ်မြုတ်ခဲ့သည့်သင်္ဘောနှင့်ပိုင်ရှင်တူ သင်္ဘောတို့က ကူညီကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
နစ်မြုတ်ခဲ့သည့် သင်္ဘောမှာ “ရွှေပြည့်ချမ်းသာ” အမည်ရှိ ကမ်းရိုးတန်းသွားသင်္ဘောဖြစ်သည်ဟု သိရပြီး ၎င်းသင်္ဘောသည် ရနောင်း- ကော့သောင်းမှ ကုန်အပြည့်ဖြင့်ထွက်ခွာလာစဥ် ဇူလိုင် ၁၈ ရက်၊ ညနေပိုင်းတွင် ယခုလို နစ်မြုတ်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ထို့သို့ သင်္ဘောနစ်မြုပ်မည့်အခြေအနေကြုံတွေ့နေရစဉ်အချိန်၌ပင် တပ်မတော်(ရေ) နှင့် ရွှေနန်းရှင် အမည်ရှိ (ပိုင်ရှင်တူ) ကုန်တင်သင်္ဘောတစ်စင်းတို့က “ရွှေပြည့်ချမ်းသာ”သင်္ဘောပေါ် လိုက်ပါလာသည့် သင်္ဘောသားများကို ကူညီကယ်တင်နိုင်ခဲ့သဖြင့် အားလုံး ဘေးကင်းခဲ့ကြသည်ဟုလည်း သိရသည်။
