နိုင်ငံတော် တာဝန်ထမ်းဆောင်ကြရတဲ့ ပြည်သူ့စစ်သားကောင်း ရတနာတွေအတွက် ခုဖွဲ့စည်းလိုက်တဲ့ ကော်မတီက အတော်လေး အထောက်အကူပြုမှာပါ။ အဓိကတွေ့မိတဲ့အချက်က တန်းပြည့်စစ်မှုထမ်းတာဝန် ထမ်းဆောင်နေရတဲ့ စစ်သည်များနည်းတူဆိုတဲ့ စကားလုံးက ဒီကော်မတီရဲ့ အသက်ပါပဲ။ -အနည်းဆုံးတော့ တာဝန်ထမ်းဆောင်ချိန်မှာလည်း တခြားခွက်ခေါက်၊ ဆက်ကြေးတောင်းပြီးမှ ဝမ်းရေးဖြေရှင်းရတဲ့ ပဒက်တွေနဲ့လည်း အကွာကြီးကွာရသလို မတော်လို့ စစ်မှုထမ်းဆောင်ရင်း မသန်စွမ်း အခြေအနေမျိုး ဖြစ်ခဲ့ရင်တောင် အလုပ်အကိုင်အခွင့်အလမ်းရဖို့ ဒီလို ကော်မတီမျိုး ဖွဲ့ထားတာက သူတို့ဘဝနောင်ရေးအတွက် အာမခံချက် ဖြစ်တာပေါ့။ -စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးလို့ ပြည်ပအလုပ်အကိုင် ထွက်ရှာချင်တာမျိုးနဲ့ မူလအလုပ်အကိုင် ပြန်ရရှိဖို့ အတွက်ပါ ထည့်စဉ်းစားထားတာက ပြီးပြည့်စုံတဲ့ စဉ်းစားချက်တွေပါပဲ။ တိုင်းပြည်အတွက် အကျိုးမဲ့ တာဝန်ထမ်းဆောင်ရတာမျိုး မဖြစ်စေတော့ဘူးပေါ့။ -လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ စစ်သည်တွေနဲ့ ပြည်သူ့စစ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေစရာ တိုက်ခန်းတွေ အရစ်ကျချပေးတာမျိုးအထိပါ လုပ်ပေးနိုင်ရင် တပ်မတော်ကို သွေးသစ်လောင်းပေးနိုင်တဲ့အထိပါ ကျယ်ပြန့်သွားလိမ့်မယ်။ (နရီမိုး)




