မြွေပေါက်ခံရ၍ မန္တလေးဆေးရုံကြီး၌ ဆေးလာကုသည့်PDF ဖမ်းဆီးခံရ

မန္တလေးတိုင်း ချမ်းအေးသာစံမြိုနယ်၊ ဟေမာဇလရပ်ကွက်၊ ၂၉×၃၀ လမ်းကြား၊ ၇၄×၇၇ လမ်းကြားရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် မုံရွာခရိုင် PDF ရင်း ၅ မှ PDF တစ်ဦးလာရောက်ဆေးကုသစဥ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၉ နာရီကျော်အချိန်ခန့်က မုံရွာခရိုင် PDF ရင်း ၅ မှ ထွန်းကျော်စွာ(ခ)ထွန်းနိုင်(ခ)ထွန်းထွန်း၊ ၂၅ နှစ်၊ (ဘ)ဦးမောင်နိုင်၊ စစ်ကိုင်းဒေသကြီး၊ချောင်းဦးမြိုနယ်၊ ကျွဲတက်ကွင်းကျေးရွာနေသူသည် မြွေကိုက်သဖြင့် ဆေးလာရောက်ကုသနေကြောင်း သတင်းအရ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများမှ သွားရောက် ရှာဖွေဖမ်းဆီးခဲ့ရာ တရားခံ ထွန်းကျော်စွာ(ခ)ထွန်းနိူင်(ခ)ထွန်းထွန်းအား ဖမ်းဆီးရမိခဲ့သည်။

crd//

Leave a Reply

Your email address will not be published. Required fields are marked *