မောင်မောင်ခေါ်တုန်း ထူးသင့်တဲ့ “ဗျာ”

မြန်မာစကားပုံမှာရှိတယ်လေဗျာ.. “မောင်မောင်ခေါ်တုန်း..ဗျာထူးလိုက်”ဆိုတာရယ်.. “ခွင့်သာခိုက်မှမလိုက်ချင်လျင်.. အမိုက်နင့်ပြင်ရှိဦးမလား” ဆိုတဲ့ စကားစုလေးတွေ။ အမှတ်တမဲ့ဖတ်လိုက်ရင်တော့ ဘာမှမဟုတ်တဲ့ စကားစုလေးတွေ။ ဒါလက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံက EAOs တွေနဲ့ PDF တွေကြားမှာဒီစကားရဲ့ အဓိပ္ပါယ်ကို သေသေချာချာ ပြန်ကောက်ရင်တော့ တော်တော်ကြီးကို တာသွားတာကို နားလည်မှာပါ။

နေရာတော်တော်များများမှာပဲကြည့်လိုက်.. အညာဘက်ကြည့်မလား.. ရှမ်းမြောက်ကြည့်မလား.. ရှမ်းတောင် ကြည့်မလား.. ရှမ်းအရှေ့ကြည့်မလား.. ကရင်ပြည်နယ်ဘက်ကြည့်မလား.. ရခိုင်ပြည်နယ်ဘက်ကြည့်မလား။ ဘယ်နေရာ ဘယ်ဒေသမှာပဲကြည့်ကြည့် “တက်ဟေ့..တက်ဟေ့.. ရှေ့ဆုံးကတိုးဟေ့” ဆိုရင်ကြည့်လိုက်.. သူပုန်ကျွန် PDF တွေချည်းပဲ။ သက်ဆိုင်ရာနယ်မြေဒေသအလိုက် EAOs တွေက PDF တွေ ရင်းသွားတဲ့ နေရာမှန်သမျှရဲ့ အသီးအပွင့်တွေ အဆီအနှစ်တွေ အားလုံးကို အသာလင့် အသင့် ခူးခပ်စားသွားရုံပဲ။

လူငယ်တွေရဲ့ “တက်ကြွမှု၊ မဟုတ်မခံမှု”ဆိုတဲ့ အညှာကိုဆွဲကိုင်ပြီး ခေါင်းစဉ်တစ်ခုပြောင်းပြီး လုပ်စားသွားကြတာ။ တနည်းအားဖြင့် EAOs ဂျင်းတွေပေါ့ဗျာ။ ရွေးကောက်ပွဲကြီးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ဆိုရင် လက်နက်ကိုင်ပဋိပက္ခ အမြန်ချုပ်ငြိမ်းမှရမယ်။ အဲ့လိုချုပ်ငြိမ်းဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ အဖြေကိုလည်း တပ်မတော်က “က”ကြီးအနေ “အ” အထိ သိနေတယ်။ အဲ့ဒီအချိန်မှာ PDF တွေကို မိုက်တွင်းနက်သထက်နက်အောင် တူးဖို့ မြှောက်ပေးတယ်။ နောင်ချိုဥပမာပဲကြည့်လိုက်.. အခု အရေးနိမ့်ပြီဆိုတာနဲ့ ကြားခံစစ်နယ်မြေအကုန်လုံးမှာ ထားခဲ့တာ PDF တွေချည်းပဲ။ ဘယ်မလဲပလောင်???

ဆိုတော့ အဖြေကရှင်းပါတယ်။ နယ်ရုပ်တစ်ရုပ်အနေအထားလောက်တောင်မှ သတ်မှတ်ခြင်းမခံရတဲ့ PDF တွေအနေနဲ့ “မောင်မောင်ခေါ်တုန်း.. ဗျာထူးပြီး မိဘရပ်ထံပြန်လာမလား??? အမှောင်ထဲကိုဇွတ်တိုးမလား??” ဆိုတာ စေ့စေ့တွေး စရာမလိုဘဲ ထင်းထင်းကြီးမြင်နေတဲ့အချိန်မှာ အမှားသိမြင် အမှန်မြင်ချိန်ရောက်ပါပြီ။

အချိန်တန်ချိန်မှာ သို့တည်းမဟုတ် အခါအခွင့်သင့်ချိန်မှာ အခွင့်အရေးကို လက်သင့်ခံလိုက်တာ အကောင်းဆုံးပါပဲ။ ပါဂျောင်တွေ ဘာတွေပြောမနေတော့ပါဘူး။ လက်ရှိအချိန်မှာ အလုပ်သင့်ဆုံးအလုပ်အတွက် ဆုံးဖြတ်ချက် မှန်ကန်ပြီး နိုင်ငံအတွက်/မိမိအတွက် မှန်ကန်စွာတွေးတော ဆုံးဖြတ်ကြစေလိုပါတယ်။

အေးချမ်းပါစေ အမိမြေ 🙏

KT (https://t.me/kothetjournalist9000)

Leave a Reply

Your email address will not be published. Required fields are marked *