မိုးဗြဲမြို့အား တပ်မတော်မှပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်

KNPP ၊ KNDF အဖွဲများနှင့် PDF အကြမ်းဖက်သမားတွေ ယာယီသိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်အဖွဲ့များထောင်ထားတဲ့မိုင်းတွေကို မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ပါတယ်…စစ်ဆင်ရေးတစ်ခုလုံးတွင် တိုက်ပွဲကြီးငယ် (၆၁၅)ကြိမ်၊ ရန်သူအလောင်း(၂၄) လောင်း၊ လက်နက် မျိုးစုံ(၆၃)လက် အပါအဝင် အခြားအရေးကြီး စာရွက်စာတမ်းများနှင့် Video File များ သိမ်းဆည်းရမိခဲ့ပါတယ်။

မိုးဗြဲမြိုအပါအဝင် လွိင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံနှင့် ပင်လောင်းလမ်းကြောင်းအား အပြီးတိုင်ရှင်းလင်းပြီးပါက မိုးဗြဲမြိုခံ ရိုးသားသောဒေသခံပြည်သူများအားလုံး ပြန်လည်နေထိုင်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ အကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာရက်စက်စွာ ဆောင်ရွက်ခဲ့သည့် မြေမြုပ်မိုင်းအန္တရာယ် ကင်းရှင်းရေး ဦးစားပေးရှင်းလင်းဖော်ထုတ်ခြင်းကိုလည်း တပ်မတော်စစ်မြေပြင် အင်ဂျင်နီယာ အရာရှိ၊ စစ်သည်များဖြင့် ရှင်းလင်းဖယ်ရှားသွားမည်ဖြစ်ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *