အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေသည့် အကြမ်းဖက် KNU/PDF

စျေးဝယ်ရန်ထွက်လာသည့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးကို KNU နှင့် PDF အဖွဲ့ဝင်နှစ်ဦးက မူလတန်းကျောင်းရှေ့ ပစ်သတ်ခဲ့မှု ဘီးလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက် ည ၇ နာရီ ၄၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သစ်တိုကျွန်းကျေးရွာတွင် နေထိုင်သော ဒေါ်သီတာမိုး (ခ) ကုလားမ (၅၃) နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအတွင်းသို့ ဈေးဝယ်ရန် ထွက်ခွာလာစဉ် အခြေခံပညာမူလတန်းကျောင်းရှေ့အရောက် KNU နှင့် PDF အဖွဲ့တို့မှ အဖွဲ့ဝင်နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်သီတာမိုး(ခ)ကုလားမတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ်မှ ယခုကာလအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ ပျူစောထီး၊ သတင်းပေး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့်စွပ်စွဲချက်များဖြင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *