ဇွန် ၂ ရက် တနင်္လာ‌နေ့မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းမှာ

-တရုတ်သည် နိုင်ငံငယ်တစ်ခုကိုဝင်တိုက်ရန် စစ်ပြင်ဆင်နေကြောင်း ကန် ကာကွယ်ရေးဝန်ကြီးကသတိပေးလိုက်သည် ၊ ၎င်းသည် ထိုင်ဝမ်ကိုရည်ညွှန်းဟန်ရှိသည်။

-ဂါဇာတွင် INGO တစ်ခုရှေ့၌ ရိက္ခာတန်းစီနေသောလူအုပ်ထဲသို့ အစ္စရေး တင့်ကားမှ အမြောက်ဖြင့်ပစ်ခတ်ရာ လူ ၃၆ ဦးသေသည် ၊ သို့ဖြစ်၍ ယ္ခုပဋိပက္ခ၌ ပါလက်စတိုင်းအရပ်သား ၅၄၀၀၀ ကျော်သေပြီဟုဆိုသည်။

-အိန္ဒိယ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့ မိုးများမြေပြို ၄ ထပ်ဟိုတယ်ပိ ရာ AA ထောက်ပို့ ၅ ဦး သေသည်။

-ထိုင်းအမြန်လမ်းဂုံးကျော် မြန်မာဆောက်လုပ်ရေးလုပ်သား ၄ ဦး ကရိမ်းပြိုကျသေဆုံးခဲ့မှု့ တစ်ဦးလျှင် ဘတ် ၁ သန်းစီလျော်ကြေးရကြောင်း အလုပ်သမားသံအရာရှိကပြောသည် ။ငလျင်ကြောင့် ၃၃ ထပ်အဆောက်အဦပြိုကျခဲ့သော ထိုင်း တွင် အခြား အဆောက်အဦများကို ဆက်လက်စစ်ဆေးရာ မိုးမျှော်တိုက်ကြီး ၁၃ လုံးသည် ၊ စံချိန်မမှီကြောင်း စစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ခဲ့၍ မည်ကဲ့သို့အရေးယူမည်ကို မသိရသေးချေ။

-ကနေဒါ မင်နီတိုဗာ ပြည်နယ် တောမီး လူ ၁၇၀၀၀ ကျော်ရွှေပြောင်းပေးခဲ့ရပြီး မိုးရွာပါစေဟုသာဆုတောင်းကြရန် ပြည်နယ်အုပ်ချုပ်ရေးမှုးကဆိုသည် ။

-နိုင်ဂျီးရီးယား မိုကိုဝါမြို့ မိုးများရေကြီး၍ လူ ၁၅၀ ကျော်သေသည်။

-မလေးရှား ဆာလန်ဂေါ ပြည်နယ်တွင်တရားမဝင် မြန်မာ ၁၂၂၉ ဦး ရဲဖမ်းသည်။

ပြည်တွင်းထူးခြားသတင်းမှာ

-ညောင်ဦး ပုဂံမြို့သစ် ဂန့်ဂါရပ်ကွက် ပဌာန်းပွဲကိစ္စ ဓမ္မာရုံ၌ အစည်းဝေးလုပ်နေသော ရပ်မိရပ်များကို PDF ဝင်ပစ်ရာ ၇ ဦးသေ ၊ ၆ ဦးဒဏ်ရာသည်။

-ကျောက်ဖြူ မင်းတပ်တောင်စခန်း တပ်မှပြန်သိမ်းယူခဲ့ပြီး AA တို့အထိနာစွာဖြင့်ဆုတ်ခွာထွက်ပြေးသည်။

-နယ်စပ်စခန်းများက ဆုတ်ခွာခဲ့သော ထိုင်းရောက်မြန်မာတပ်သား ၁၃၀ ဦး BGF မှတဆင့်လွဲပေးခဲ့၍ ပြန်ရောက်လာသည် ။

-ကချင်ပြည်နယ် ချီဖွေ မြို့ တစ်မြို့လုံးရေမြုပ်နေပြီး ကြိုးတံတားကိုရေထိနေသည် ။ရေသည် မြစ်ကြီးနားမှသပိတ်ကျင်းကြား၌ ၈’ မှ ၁၃’ ထိ ၊ မန္တလေး မှ အောင်လံကြား၌ ၁၄’ မှ ၁၈’ ထိ ၊ ပြည် နှင့် ဇလွန်ကြား၌ ၉’ မှ ၁၁’ ထိ မြင့်တက်လာမည်ဖြစ်၍ ဂရုစိုက်ကြရန် မိုးဇလ က ကြေငြာသည် ။

Leave a Reply

Your email address will not be published. Required fields are marked *