“ပန်းကလေးများပွင့်တော့မည်ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း” ဆိုသည့် ကဗျာ ကို သံပြိုင်ရွတ်ဆိုနေကြသည့် ကျောင်းသား/ ကျောင်းသူ များ၏ စာသင်ကျောင်းများ ယနေ့ တွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုး မြို့တွင် စတင် ဖွင့်လှစ်ပါပြီ။
တကယ်ကိုကြည်နူး အားတက်စရာ မြင်ကွင်းပါ။ ကျောင်းသား/ ကျောင်းသူများ အားလုံး လားရှိုး မြို့ကြီး၏ ငြိမ်းချမ်းသာယာမှုနှင့်အတူ အနာဂတ်၏ နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေ။








