မေလ ၂၁ ရက် ညနေ ၅ နာရီခန့်တွင် မိမိလခရစစ်ကြောင်းများကို နှောင့်ယှက်ပစ်ခတ်နေသည့် နောင်ချိုမြို့နယ်၊ သရက်ချိုရွာ၊ စေတီကုန်းရှိ အကြမ်းဖက် TNLA စခန်းတစ်ခုအား တပ်မတော်မှ သိမ်းပိုက်ရရှိခဲ့သည်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA ၁ လောင်း
(၂) RPG လောင်ချာ ၁ လက်
(၃) လက်ပစ်ဗုံး ၃ လုံး
(၄) ပစ်ကျင်း ၁၂ ကျင်း
(၅) သစ်လုံးဘန်ကာ ၄ လုံး
(၆) ဆသရမြောင်း ၁၅၀ ပေခန့် တို့အား သိမ်းပိုက်ရရှိခဲ့သည်။



