၁၉၈၂ ခုနှစ်မှ ယနေ့အချိန်အထိ သုတေသနဌာနသည် ဆေးဝါးအမျိုးအစား ၆၆ မျိုးကို အောင်မြင်စွာစမ်းသပ်ဖော်ထုတ်နိုင်ခဲ့ပြီး ယခုတီထွင်မှုများ သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ခွင့်ပြုချက်ရရှိရုံသာမက ပြည်တွင်းဆေးဝါးစက်ရုံများသို့ နည်းပညာလွှဲပြောင်းပေးအပ်နိုင်ခဲ့၍ ပြည်တွင်းထုတ်လုပ်မှုကိုအားကောင်းစေပြီး ပြည်ပမှတင်သွင်းမှုအပေါ်မှီခိုမှုကိုလျှော့ချနိုင်ခဲ့ကြောင်း၊ ဆေးဝါးအမျိုးအစားသစ်ခြောက်မျိုးဖြစ်သည့် ဆီးချိုရောဂါကုသဆေးနှစ်မျိုး၊ အိတ်ချ်အိုင်ဗွီ(HIV)ရောဂါကုသဆေးတစ်မျိုး၊ အရိုးအကြောအဆစ်ရောဂါ ကုသဆေးတစ်မျိုး၊ ကင်ဆာရောဂါကုသဆေးတစ်မျိုး၊ မေ့ဆေးတစ်မျိုးတို့ကိုအောင်မြင်စွာတီထွင်နိုင်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်ရှိ သုတေသနဌာန၌ ကျင်းပသည့် ဆေးဝါးအမယ်သစ်ခြောက်မျိုးအား သုတေသနပြုစမ်းသပ်၍ အောင်မြင်ခဲ့သည့်အတွက်ကျင်းပသည့် ဂုဏ်ပြုအခမ်းအနားမှသိရသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး…