မိုးဗြဲတိုက်ပွဲမှာ စစ်သည် ၂၃ ဦးသေဆုံးပြီး စစ်သား ၃ ဦးအရှင်မိတယ်ဆိုပြီး Khit Thit မှ အောက်တန်းကျစွာဗြောင်လိမ်ထားတဲ့သတင်းအမှားကို ရေးသားဖြန့်ဝေထားပါတယ်။
မေလ ၆ ရက်နေ့မှ ၁၆ ရက်နေ့ထိ ဖယ်ခုံမြို့နယ် မိုးဗြဲနှင့် ကုန်းသာ၊ညောင်ရွှေမြို့နယ် ရေပူ၊ စန်းလိတ်၊ ပင်လောင်မြို့နယ်၊ လွယ်လုံရွာတိုက်ပွဲများတွင် စစ်သည် ၃ ဦးကျဆုံးခဲ့ကြောင်း မြေပြင်သတင်းများအရသိရှိရသည်။
တိုက်ပွဲဖြစ်စဉ်များတွင် PDF များထံမှ လက်နက်ငယ်(၂)လက်၊ စက်လတ်(၁)လတ်၊ ကျည်(၂၅)တောင့်၊ ကျည်အိမ်(၃)ခု၊ မိုင်း(၂၁)လုံး၊ လက်ပစ်ဗုံး(၁)၊ ကျည်ကာဦးထုပ်(၁)၊ ယူနီဖောင်း(၁)ထည်၊ ပစ်ကျင်း(၂၆)ကျင်း၊ ဗုံးခိုကျင်း(၂၇)ကျင်း၊ ဆက်သွယ်ရေးမြောင်း(၁၀၀၀)ပေ၊ ဘန်ကာ(၇)လုံး၊ သံဆူးကြိုး(၅)ထပ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ အောက်တန်းကျစွာဖြင့် ပုံကြီးချဲ့အမြတ်ထုတ်ကာ တစ်စိတ်တစ်အိတ်လုပ်ပြီး စစ်သည် ၂၃ ဦးသေတယ်လို့ ဗြောင်လိမ်ရေးသားထားတဲ့ သတင်းအမှားဖြစ်ပါတယ်။

