ပင်လောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဥပ‌ဒေဆိုင်ရာ ‌အသိပေးဆွေးနွေး

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥပဒေဆိုင်ရာ အသိပေးဆွေးနွေးခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ဥပဒေများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ်အသီးသီးမှ သင်တန်းဆင်းပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဌ နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် လိုအပ်သည်များ ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို တင်ပြကြပြီး၊ တာဝန်ရှိသူတို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *