ဒီပဲယင်း လီဆယ်လုပ်ကြံမှု

ဒီပဲယင်း အိုးထိမ်းကွင်းရွာ ဖြစ်စဉ်နဲ့
ပတ်သက်ပြီး တစ်ဖက်မီဒီယာတွေက
ယင်ကောင်   ဝိုင်းအုံသလို တပ်ကို
အပုပ်ချ တိုက်ခိုက်နေတာတွေ့ရတော့
ဗြိတိသျှ စစ်ပညာရှင် ဆာရစ်ချက်
ပြောတဲ့ စကားကို သတိရမိတယ်။
သူက ဒီနေ့ခေတ်စစ်ပွဲတွေဟာ မီဒီယာ
မီးရောင်အောက်မှာ ဖြစ်ပွားကြရပြီး ရှုပ်ထွေး
တဲ့ သဘောရှိတယ်လို့ ဆိုပါတယ်။

သဘောကတော့ စစ်နိုင်ဖို့ အတွက် မီဒီယာ
မျိုးစုံသုံးပြီး ဇာတ်နာအောင်  ဝိုင်းလိမ်ကြ
ညာကြ လုပ်ဇာတ်တွေခင်းကြ မဟုတ်မမှန်
ဝါဒဖြန့်ချိနေကြတာကလည်း ခေတ်သစ်
စစ်ပွဲတွေရဲ့ ခေါက်ရိုးကျိုးနေတဲ့ ဓလ့စရိုက်
ဖြစ်နေတယ် ။

အခုလည်း ကြည့်လေ ၊

ဖြစ်စဉ်အမှန်က  ဒီစာသင်ကျောင်းမှာ
PDFတွေ တပ်စခန်းချပြီး  ခဲယမ်းမီးကျောက်
တွေ ဖောက်ခွဲ စမ်းသပ်တယ် ။  ဒါကို
မမြင်ဖူးကြတော့ ကလေးသဘာ ဝအရ
ဝိုင်းအုံကြည့်ကြ တယ် ။ ဒီမှာတင်
ပေါက်ကွဲမှုဖြစ်ပြီး  ဝိုင်းကြည့်နေကြတဲ့
ကလေးတွေ ထိခိုက်သေဆုံးကြရတယ်။
ဒါက မြေပြင် ဖြစ်စဉ်အမှန်။

ဒါပေမ ယ့် တစ်ဖက်မီဒီယာမျိုးစုံကတော့
လုပ်ကြံဇာတ်လမ်းတွေ မျိုးစုံခင်းပြီး 
ဒီပဲယင်းမြို့နယ်အိုးထိန်းကွင်းကျေးရွာ
စာသင်ကျောင်းကို ဗုံးကျဲပါတယ်​ဆိုပြီး
ခပ်စိပ်စိပ် ခပ်မြန်မြန်
လီဆယ်  ဝါဒဖြန့်ချိခဲ့ကြတယ် ။

ပြည်ဖျက်မီဒီယာ တွေရဲ့ အားသာချက်
က အဲဒါပဲ ၊  မမှန်သတင်းတွေ လုပ်ကြံဖန်တီး
သတင်းတွေကို တစ်ပြိုင်နက်တည်း သူ့နဲ့ ငါ
အပြိုင်ဆိုင်တင်ပြီး အပြိုင်အဆိုင်  ဝါ ဒ
ဖြန့်ချိနိုင်တာပဲ ။

ဒီသတင်း ကို မှန် ၏ မမှန် ၏   ယုတ္တဗေ ဒ
ကျကျ ပြန်ဆန်း စစ်ကြည့်မ ယ် ။မြန်မာပြည်
မှာ နွေ ရာသီ ဆို ကျောင်းပိတ်နေကြ ၊
အထက်အညာ ခေါ် တဲ့ ဒီဒေသတွေ က
ပိုဆိုးတယ် ။ပူလို့ ဘယ်ကလေးမှ ကျောင်း
မသွားနိုင် ၊မိဘတွေလည်း ကျောင်းမလွှတ်
ကြဘူး ။

ဒါ မြန်မာ ပြည် ရဲ့  ဓလေ့စ ရိုက်  ယ ဉ်ကျေး
မှုမို့  မှားစရာ လွဲ စ ရာ အကြောင်း မရှိဘူး ။
မှားနေတာက ဇာတ်လမ်းဆင်ထားတဲ့
သတင်းက မီိဒီ ယာစာမျက်နှာပေါ်မှာ
နေရာ ယူ လွှမ်းမိုးနေလို့ မြေပြင်သတင်း
အမှန်ပျောက်ကွ ယ်နေရတာပါပဲ ။

တက ယ် တော့  ဒီပဲ ယင်း ဖြစ်စဉ် ဟာ
မီဒီယာတွေ နဲ့ PDF တွေ လက်ဝါးချင်း
ရိုက်ထားတဲ့ လီဆယ်လုပ်ကြံမှုဇာတ်လမ်း
ကြီး တစ်ပုဒ် သာဖြစ်ပါတယ် ။

သေဆုံး သွားတဲ့ ကလေးတွေအတွက်
စိတ်မကောင်း ဖြစ်ပေမယ့် သေဆုံးသွားတဲ့
ကလေးတွေကို အကြောင်းပြုပြီးတော့
အခုလို အမြတ်ထုတ်အသုံးချတာကတော့
လူသား မဆန်ရာ ရက်စက်လွန်းရာ
ကျပါတ ယ် ။

မင်းသုန္ဒရ

Leave a Reply

Your email address will not be published. Required fields are marked *