နိုင်ငံတကာ ထူးခြားသတင်းများ
-တစ်လကြာ အပစ်ရပ်ဆွေးနွေးရန် အသင့်ဟု ဇလမ်းစကီး က ဆိုလိုက်ပြီး တူရကီမှာဆွေးနွေးကြတာပေါ့ဟု ပူတင်က ပြောသည်။
-အိန္ဒိယဘက်ခြမ်း ကက်ရှမီးယားဒေသ ဆရီနဂါတွင် စျေးဆိုင်များပြန်ဖွင့်နေသည် ။
-ထိုင်းတရားရုံးက သက်ဆင်၏ ကာတာသို့ခရီးထွက်ခွင့်တင်ပြချက်ကို ပါယ်ချခဲ့သည် ၊ ကာတာစော်ဘွား အာမက်ဘင်အယ်တာနီက လူဆေး နန်းတော်တွင် နိုင်ငံ့ခေါင်းဆောင်များစားသောက်ပွဲကျင်းပရန်ရှိပြီး သမ္မတ ထရန့် လည်းတက်ရောက်မည်ဟုဆိုသည်။
-ပြည်တွင်းထူးခြားသတင်းများ
-ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက် အခြေစိုက် ခမရ ၅၉၈ သို့လာတိုက်သော KNU/PDF များ အကျအဆုံးများပြီး ဆုတ်ခွာသွားခဲ့သည်။
-ကရင်ပြည်နယ် သောင်ရင်းမြစ်ဘေးရှိ မိမိအခိုင်အမာစခန်းကြီးများဖြစ်သော မဲသဝေါ ၊ မယ်လ ၊ မော်ဖိုးကေ ၊နော်တရာ စခန်းများဘေးရှိ တာလယ်စခန်း KNU/PDF ထိုးစစ်ဆင်နေမှု့ကို မိမိလေကြောင်းတိုက်ခိုက်ခဲ့၍ ရွာသားများ ထိုင်းဘက်ထွက်ပြေးသည် ။
-မင်းပြားမြို့ ဖားပြိုကျေးရွာတွင်အသက် ၉ နှစ်အရွယ်မိန်းခလေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် အသက် ၃၀ အရွယ် AA ထောက်ပို့ တပ်သားကို ထိရောက်စွာအရေးယူပေးရန် ရခိုင်အရပ်ဖက် ၁၂ ဖွဲ့ကတောင်းဆိုသည်။
-ဧရာဝတီ – ရခိုင် အစပ် ရေကြည်မြို့နယ် မြောက်စမ်းရွာ အမတ ၃၄၄ ရှေ့ ကျောက်တောင်ကွေ့ မိမိကာကင်းစခန်း AA/PDF လာတိုက်ရာ ၎င်းတို့ အကျအဆုံးများပြီးပြန်ဆုတ်သွားသည် ။
-တရုတ်ဝယ်လက် လမ်းကြောင်းပိတ်နေ၍ ဧရာဝတီတိုင်းထွက် ငါးရှဥ့် စျေးနှုံး ၂၄၀၀၀ိ မှ ၉၀၀၀ိ သို့ ကျဆင်းသွားသည်။
-တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ထိန်ချောင်းတွင် ကဆုန်လပြည့်နေတိုင်းကျင်းပသော ရဟန်းသံဃာများအား ပျားရည်ဆွမ်း လောင်းလှူပွဲ ဓလေ့ ကို အစဥ်အလာမပျက် ၆၇ ကြိမ်မြောက်အဖြစ် ကျင်းပခဲ့သည် ။
