မေလ ၁၀ ရက် မနက်ပိုင်းအချိန်တွင် ရခိုင်-ဧရာ၀တီ အစပ်ဒေသအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် စစ်ကြောင်းအား အကြမ်းဖက် AA အဖွဲ့က ယူကလစ်တောထဲမှ ပစ်ခတ်သဖြင့် ဝင်ရောက်ရှင်းလင်းရာ မနက် ၆ နာရီကျော်ခန့်တွင် ရန်သူ့နေရာ(ယူကလစ်တော)အား သိမ်းပိုက်ရရှိခဲ့သည်။ ဖြစ်စဉ်တွင် နစက စစ်သည် ၁ ဦး (ကျော်ဟိန်းထိ)ပြီး ရန်သူ့ထံမှ –
(၁) AA အလောင်း ၃ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) အမ်-22 ကျည် ၄၇၃ တောင့်
(၄) အမ်-22 ကျည်အိမ် ၃ ခု
(၅) လက်ပစ်ဗုံး ၅ လုံး
(၆) သဲအိတ်ဘန်ကာ ၂ လုံး
(၇) တစ်ယောက်ပစ်ကျင်း(သဲအိတ်) ၇ ကျင်း
(၈) တစ်ယောက်ပစ်ကျင်း ၁၁ ကျင်း တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။
တပ်မတော်အား စတင်ပစ်ခတ်သဖြင့် တုံ့ပြန်ရန်အခွင့်အရေးအရ ရန်သူ့စခန်းပါ သိမ်းပိုက်လိုက်ပါသည်။

