မေလ ၄ ရက် (ယမန်နေ့)တွင် နောင်ချိုဒေသအတွင်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ပြီး မိမိစစ်ကြောင်းများကို နှောင့်ယှက်ပစ်ခတ်နေတဲ့ အကြမ်းဖက် TNLA စခန်းကုန်းများအား သိမ်းပိုက်ရရှိခဲ့သည်။
ရန်သူ့ စခန်းကုန်း(၁) အား နေ့လည် ၁ နာရီတွင်လည်းကောင်း၊ ရန်သူ့စခန်းကုန်း (၂) အား ညနေ ၄ . ၃၀ နာရီတွင် လည်းကောင်း အောင်မြင်စွာသိမ်းပိုက်ရရှိခဲ့သည်။ စခန်းကုန်းရှိရန်သူမှာ မိမိစစ်ကြောင်းများကို ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိတော့ဘဲ ၎င်းတို့သေဆုံး/ဒဏ်ရာရများကို ဆွဲယူကာ စခန်းကုန်းမှ ထွက်ပြေးကြပါသည်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ကျော်ဟိန်းထိပြီး ရန်သူ့စခန်းကုန်းမှ –
(၁) အကြမ်းဖက် TNLA ၂ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) အမ်-၂၂ကျည် ၃၂၇ တောင့်
(၄) အမ်-၂၂ ကျည်အိမ် ၃ ခု
(၅) လက်ပစ်ဗုံး ၅ လုံး
(၆) လက်လုပ်မိုင်း ၄ လုံး
(၇) ကွန်ကရစ်ဘန်ကာ ၂ လုံး
(၈) သဲအိတ်ဘန်ကာ ၁၅ လုံး
(၉) မြေခွေးကျင်း ၁၂ ကျင်း
(၁၀) တစ်ယောက်ပစ်ကျင် ၈ ကျင်း
(၁၁) ဆက်သွယ်ရေးမြောင်း ပေ ၉၅၀ ခန့် တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။






