မေ ၅ ရက် တနင်္လာနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-မြောက်ကိုးရီးယား နှင့် ရုရှားကြား ၊ တူမန် မြစ်ကိုဖြတ် အရှည် ၈၅၀ မီတာရှိ တံတားသစ်ကြီး တည်ဆောက်နေရာ ၂၀၂၆ နွေဦးရာသီတွင် ဖွင့်လှစ်မည်ဟုသိရသည် ။

-တရုတ်ဖိအားကြောင့် ထိုင်ဝမ် ဗီဇာ ကိုင်ဆောင်သူများ ဆိုမာလီ နိုင်ငံကဝင်ခွင့်ပိတ်လိုက်သည် ။

-ပါကစ္စတန်ဘက်ခြမ်းရှိ ကက်ရှိမီးယားကိုအုပ်ချုပ်သူ ဆူလ်တန်မာမွတ် က အိန္ဒိယမှဝင်ရောက်တိုက်ခိုက်လာမည်ကို မြင်နေ ရ၍ နိုင်ငံတကာမှကြားဝင်ပေးကြပါရန် တောင်းဆိုလိုက်သည် ။

-မေ ၉ ရက်နေ့ကျင်းပမည့် ရုရှားစစ်ရေးပြပွဲကိုမတိုက်ရန် တရုတ်က ယူကရိန်းကိုတောင်းဆိုသော်လည်း အာမမခံဟု ဇလန်းစကီးကပြောသည် ၊ ထိုပွဲသို့ တရုတ်သမ္မတ ရှီ နှင့် မြန်မာအကြီးအကဲတို့ တက်ရောက်မည်ဟု သတင်းထွက်ပေါ်သည် ။

-ချင်းမိုင်တွင် မြန်မာတစ်ဦးဖွင့်လှစ်ထားသောစားသောက်ဆိုင်၌ အထောက်အထားမဲ့မြန်မာလုပ်သားအသုံးပြုခြင်းကြောင့် ၅ ဦးအဖမ်းခံရသည် ။

ပြည်တွင်းထူးခြားသတင်းများ

-မော်လမြိုင် – ရန်ကုန် လမ်းပိုင်း သထုံမြို့အနီး ရှိ မိုးကောင်း တံတားအား ဧပြီ ၂၈ ၌ တကြိမ် မေ ၃ ရက်၌ တကြိမ် KNU/PDF တို့ဗုံးခွဲဖျက်ဆီးခဲ့သော်လည်း မေ ၄ ရက်နေ့၌ ယာယီတံတားထိုးနိုင်ခဲ့သောကြောင့် ကားများဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။

-လားရှိုးတွင်သူပုန်များမရှိတော့၍ အေးချမ်းစွာနေလိုသူ မန်ဆူကျောင်းဆရာတော် ပြန်ကြွကျောင်းထိုင်ပြီး မြို့ အနှံ့ ပရိတ်ရွတ်ခဲ့သည် ။

-TNLA သည် သိမ်းပိုက်ပြီးမြို့များကို လားရှိုးလိုအဖြစ်မခံဘဲ ဒေသခံများကမိမိတို့နှင့် ပူးပေါင်းကာကွယ်ကြရန် နှင့် NUG အပါအဝင် မဟာမိတ်များနှင့်လည်းပူးပေါင်းခုခံမည်ဟု TNLA မှ တာပန်းလှ က ပြောသည် ။

-မိမိတို့အပစ်ရပ်ထားခြင်းကိုအခွင့်ကောင်းယူ၍ ကျောက်ဖြူ မင်းတပ်တောင် စခန်း ကို AA တိုက်နေသည် ။

-မြင်းမူတွင် ရွှေလုပ်ငန်းရှင်တစ်ဦး၏ကျပ်သိန်း၂၆၀၀၀ တန်ရွှေများကို PDF ၄ ဦးမှဒါးမြတိုက်ခဲ့ပြီး အခြားအင်အားကြီးသော PDF တစ်ဖွဲ့က ၎င်းတို့ကို ပြန်ဖမ်းသိမ်းယူခဲ့သည် ။

Leave a Reply

Your email address will not be published. Required fields are marked *