မင်္ဂလာရှိသော နေ့သစ်လေးဖြစ်ကြပါစေ

မြန်မာနှစ်သစ်ကူးအချိန်အခါသမယ တွင် ရန်သူမျိုးငါးပါးနှင့်ကပ်ဘေးအန္တရာယ်အသွယ်သွယ်မှ
ကင်းပလွတ်မြောက်ပြီး ကျန်းမာခြင်းသုခ၊ ချမ်းသာခြင်းသုခတို့နှင့် ပြည့်စုံ၍လိုအင်ဆန္ဒမှန်သမျှပြည့်စုံကြပါစေခင်ဗျာ🙏🙏🙏

နှစ်သစ်တွင်
၁။ ရာဇတောဝါ
မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ…..
ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ…..
လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ…..
ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာဘေးမှလည်းကောင်း။
၅။ အဂ္ဂိတောဝါ….
မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ…..
ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ – လေးမြှား၊ လက်နက်၊ -ဆူးငြောင့်ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ…..
ဇနပုဒ်၌ဖြစ်ကုန်သော အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ…..
သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ…..
မိစ္ဆာအယူရှိသော သူတို့၏ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ…..
သူတော်မဟုတ် သူယုတ်မာတို့၏ ဘေးမှလည်းကောင်း။
ထို (၁၁) ပါးသောဘေးဆိုးတို့မှ
ကင်းဝေးကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏

Leave a Reply

Your email address will not be published. Required fields are marked *