ဧပြီ ၁၇ ရက် ကြာသပတေးနေ့ မနက်ခင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-ပြင်သစ်အကျဥ်ထောင်များရှေ့၌ ရပ်ထားသောကားများ မီးလောင်မှု့ဖြစ်ပွားခဲ့ခြင်းအပေါ် စုံစမ်းစစ်ဆေးမှု့ပြုလုပ်နေပြီး မူးယစ်ဂိုဏ်းများက ထောင်ဝန်ထမ်း များကို ခြိမ်းခြောက်ခြင်းဖြစ်နိုင်သည်ဟုဆိုသည် ။

-အာဖဂန်စစ်ပွဲကာလက ထွက်ပြေးခိုလှုံလာသူ ဒုက္ခသည်များကို ပါကစ္စတန်က ဖိအားပေးပြန်လွှတ်လျှက်ရှိရာ ၁၃ ရက်အတွင်း နယ်စပ်ရှိ ” တော့ခမ်း ” ဒေသမှ လူ ၆၀၀၀၀ ကျော် ဖြတ်ကျော်ထွက်ခွာခဲ့ကြောင်းသိရသည် ၊ ပါကစ္စတန်၌ အာဖဂန် ဒုက္ခသည် ၃ သန်းခန့်ရှိပြီး ၁.၃ သန်းသည် UNHCR လက်မှတ်ရဖြစ်သည် ။

-အမေရိကန် ဘိုးရင်းကုမ္ပဏီမှ လေယာဥ်မှာယူမှု့အသစ်များ တရုတ်က ရပ်တန့်လိုက်သည် ။

ပြည်တွင်း ထူးခြားသတင်းများ

-နိုင်ငံတော်အကြီးအကဲ ၏ ကျောက်ဆည်ခရီးစဥ်တွင် ပြိုကျလု ဖြစ်နေသော ရွှေသာလျောင်းတောင် ကျောက်သေတ္တာစေတီအား ဖောက်ခွဲရှင်းလင်းခြင်းမလုပ်ဘဲ ကွန်ကရိကိုင်၍တည်ငြိမ်အောင်ထိမ်းသိမ်းရန် လမ်းညွှန်ခဲ့ကြောင်း သိရသည် ။

-မန္တလေးတွင်မိုးသည်းထန်စွာရွာသွန်း၍ ငလျင်ကြောင့်တိမ်းစောင်းနေသော တိုက် ၂ လုံးပြိုကျရာ လူထိခိုက်မှု့မရှိခဲ့ပါ ။

-ငလျင်ကြောင့် မြန်မာ ၁၇ သန်း ထိခိုက်ခဲ့ကြောင်း ကုလက ခန့်မှန်းသည် ။

-ကိုးကန့်တပ်များ လားရှိုးမှ စတင်ဆုတ်ခွာလျှက်ရှိကြောင်း သိရသည် ။

-မြန်မာအကြီးအကဲ နှင့် အာဆီယံ ခေါင်းဆောင်များတွေ့ဆုံမည့်အစီအစဥ်ကို NUG က ကန့်ကွက်သည် ။

ဇေယျာသီရိမြို့နယ် ပေါင်းလောင်းမြစ်ဘေးရှိ လှေခွင်းတောင်အပန်းဖြေစခန်း၌ ရေလာကစားသူ ဝင်းကိုကို ( အသက် ၃၀ ခန့်) ရေနစ်သေဆုံးသည် ။

Leave a Reply

Your email address will not be published. Required fields are marked *