(နိုင်ငံတကာထူးခြားသတင်းများ)
-ယူကရိန်းစစ်မြေပြင် ဒွန်းညှပ်တွင် တရုပ်စစ်သား ၂ ဦးကိုသုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း ဇလန်းစကီး က သူ၏လူမှု့မီဒီယာ၌ တင်ခဲ့သည် ။
-တရုတ်ထုတ် အိုင်ဖုံး ၊ လပ်တော့ နှင့် EV ကားတင်သွင်းမှု့များကို အခွန်ကင်းလွတ်ခွင့်ပြုလိုက်သဖြင် ကုန်သွယ်ရေးစစ်ပွဲ ကနဦး တွင် အမေရိကန်ဘက်က အလျှော့ပေးလိုက်ရကြောင်း မြင်တွေ့ရသည် ။
-ဂျပန်နိုင်ငံတွင် အစိုးရက အရန်ဆန်များထုတ်ရောင်းပေးနေသည့်တိုင် ဆန်စျေးမြင့်တက်လျှက်ရှိပြီး ၆ ကီလို တစ်အိပ်ကို ၂၄ ဒေါ်လာစျေး ပေါက်နေသည် ။
-မြန်မာ့ငလျင်အတွက် ဒေါ်လာ ၃၇၅ သန်းထောက်ပံ့ရေးအစီအစဥ်ကို လူသားခြင်းစာနာမှု့နှင့် တုံ့ပြန်ရေးခေါင်းစဥ်အောက်မှပေးအပ်သွားမည်ဟု ကုလပြောခွင့်ရက ဆိုသည် ။
(ပြည်တွင်း ထူးခြားသတင်းများ)
-ထိုင်းမြန်မာနယ်စပ် သံလွင်မြစ်ဘေးရှိ မိမိထီးထစခန်း ကို KNU က ထိုးစစ်ဆင်နေသည် ။
-ကျောက်တော်ရှိ AA အခြေစိုက်စခန်း ဗုံးကြဲခံရရာ စခန်းတွင်းရှိ အဆောက်အဦ ၁၀ လုံးပျက်ဆီးပြီး AA အုပ်ချုပ်မှု့အဖွဲ့ ထိခိုက်မှု့များခဲ့သည် ။
-ရွှေကျင်မြို့နယ်ရှိ KNU စခန်းငယ်တစ်ခု ကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက်ရရှိသည် ။
ယ္ခင် NLD လက်ထက် စီမံဘဏ္ဍာ ဒုဝန်ကြီး အား တပ်မတော်မှ ဆက်လက်တာဝန်ပေးခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၂၄ မေလ ကမှ အနားပေးခံခဲ့ရသူ ဒေါက်တာမောင်မောင်ဝင်းအား ဗဟိုဘဏ်ညွှန်ချုပ် ဦးဝင်းဟန်စိုး နှင့်အတူ အဂတိ ပုဒ်မ ၅၅/၅၆ တို့ဖြင့် ဖမ်းဆီးတရားစွဲခဲ့ကြောင်းသိရသည် ။
-နောင်ချို မဲပုတ်ရွာရှိ TNLA အထိုင်စခန်းအား တပ်မတော်မှသိမ်းပိုက်ခဲ့ရာ နောင်ချို နှင့် လက်တကမ်း အကွာအထိရောက်ရှိခဲ့ပြီဖြစ်သည် ။
-ငလျင်ကြောင့် ဘုရားစေတီ ၅၄၀၂ ဆူ ၊ ဘုန်းကြီးကျောင်း ၃၈၄၁ ၊ သီလရင် ကျောင်း ၁၈၇ ၊ ဗလီ ၁၃၆ ၊ ခရိယာန်ချပ် ၅၀ ၊ ဟိန္ဒူဘုရားကျောင်း ၂၆ ၊ တရုပ်ဘုံကျောင်း ၁ ကျောင်းတို့ပျက်ဆီးခဲ့ပြီး ဘုန်ကြီး ၁၅၉ ပါး ၊ သီလရင် ၅၅ ပါး ၊ မွတ်ဆလင် ၆၇၃ ယောက် ၊ဟိန္ဒူ ၁၆ ယောက် ၊ ခရိယာန် ၃ ယောက် သေဆုံးကာ ဘုန်းကြီး ၃ ပါးနှင့် မွတ်ဆလင် ၆၃ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။
