ကောင်းကင်တစ်ခွင် မိုးသားတိမ်လိပ်တို့က ခပ်ပါးပါးရစ်သိုင်းလွှမ်းခြုံထားသည်။ ထက်အာကာ၏ ကြည်လင်တောက်ပမှုကို တစ်ချက်တစ်ချက်မိုးသားတိမ်စိုင်များက ရိသဲ့သဲ့ဟန်ဖြင့် ကျီစယ်နေသလိုပင်။ ရာသီသဘာဝ၏ လှပဆော့ကစားနေဟန်နှင့်အတူ နေပြည်တော်လေဆိပ်တစ်ခွင်ကား အေးချမ်းသာယာမှုများနှင့်ထုံမွမ်းထားသည့်နှယ်။ ဤနေ့ကား ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက်၏ နံနက်ခင်းတစ်ခုပင်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက် အရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည်(State Visit) ခရီးစဉ်အဖြစ်…